ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက Mytel တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/5d/5dbfcbb2c3f2b026c9646262bad0d98924dc9c27.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

PDF တွေကတော့ အာဏာရှင်စနစ် ကျဆုံးရေးအတွက် တော်လှန်နေကြတဲ့အပြင် ၎င်းတို့ပိုင်ဆိုင်တဲ့ စီးပွားရေးတွေကိုလည်း ရပ်တန့်သွားအောင် တစ်ပါတည်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ လတ်တလော မြို့နယ်တချို့တွေမှာလည်း PDF အဖွဲ့များက အာဏာရှင်လူစုအသုံးပြုနေတဲ့ ဓာတ်အားလိုင်းများအား ဖြတ်တောက်ခဲ့သလို ၎င်းတို့ရဲ့ Mytel တာဝါနိုင်တွေကိုလည်း မီးရှို့တာတွေအပြင် မိုင်းဖောက်ခွဲဖျက်စီးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon
Photo Credit - PDF Pekhon

ယခုမှာလည်း Mytel တာဝါတိုင်များနှင့် ဆက်စပ်ပစ္စည်းများအား PDF တပ်က မီးရှို့ဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ယက်မှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ဒါကတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် တောင်ပို့ကြီးကျေးရွာနဲ့ ကဖုရှေ့ကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်တွေကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF Pekhon) တပ်ခွဲတွေက မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်။

Photo Credit - PDF Pekhon
Photo Credit - PDF Pekhon

အဆိုပါ ရုပ်သံဖိုင်ထဲမှာတော့ PDF Pekhon ရဲဘော်များက တာဝါတိုင်ရဲ့ ဆက်စပ်ပစ္စည်းများကို ဖျက်စီးပြီး ဓာတ်ဆီလောင်းကာ မီးရှို့ခဲ့ကြတာကို တွေ့မြင်ရပါတယ်။ PDF Pekhon တပ်ဟာ စတင်ဘာလ (၈) ရက်နေ့ မနက်(၉)နာရီလောက်မှာလည်း စစ်ကြောင်းချီလာတဲ့ အာဏာရှင်လူတစ်စုရဲ့ တပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပါသေးတယ်။ ယခုအခါမှာလည်း ၎င်းတို့ပိုင်တဲ့ Mytel တာဝါတိုင်များကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ဒီရုပ်သံဖိုင်ကို ပရိသတ်တွေပြန်လည် ကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - PDF Pekhon

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T