ကိုဗစ်ရောဂါဖြစ်ပွားသူတွေရဲ့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးရင်း သူပါကူးစက်ခံရတာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရတဲ့ ပရဟိတ ပြည်သူတစ်ဦး

//s9.kh1.co/fc/fcac63266f472f8698254d1d133a574ada872ec6.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

တတိယလှိုင်း အနေနဲ့ ကိုဗစ်ရောဂါတွေ စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက နေ့ရော ညရော အန္တရာယ် အခက်အခဲတွေကြားက ကူညီလုပ်ဆောင်ပေးနေ သူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ သူတို့အနေနဲ့လည်း ခုလို သွားလာရာတာကအစ အခက်အခဲတွေ အစစ်အဆေးတွေ များတဲ့ကြားမှာ ပြည်သူတွေရဲ့ ဒုက္ခတွေကို မကြည့်ရက်လို့ ကူညီပေးနေကြတာလည်းဖြစ်ပါတယ် ။ 

Photo Credit : original Uploder 
Photo Credit : original Uploder 

ထမင်းစားဖို့ အချိန်တောင် မေ့ရသည်အထိ ဖြစ်ခဲ့ရသူတွေလည်းရှိသလို အလောင်း သင်္ဂြိုလ်တာ ပြီးသည်အထိ ထိုင်စောင့်ရင်း သုသာန်မှာပဲ ဖြစ်သလို ထမင်းစားခဲ့ရတာတွေလည်း ရှိပါတယ် ။ တစ်ချို့ဆို ဒီလို ကူညီပေးရင်း ကိုဗစ်ကူးစက်ခံရသူတွေတောင် ရှိခဲ့တာကိုတွေ့ရတာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။ 

Photo Credit : original Uploder 
Photo Credit : original Uploder 

အခုလည်း ကလောမြို့မှာ နေထိုင်တဲ့ ပရဟိတ ပြည်သူတစ်ဦးက ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ တာဝန်တွေကို ကူညီ ထမ်းဆောင်ရင်း သူပါ ရောဂါ ကူးစက်ခံရကာ အသက်ဆုံးရှုံးသွားရသည်အထိ ဖြစ်သွားတဲ့ စိတ်မကောင်းစရာ ပို့စ်တစ်ခုကိုတွေ့ရပါတယ် ။ အသင်းက တာဝန်ရှိသူတွေကလည်း သူရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ပေးရင်း သေချာစီစဉ်ပေးထားကြတာကို ပုံထဲမှာတွေ့ရမှာပါ ။ ဒီသတင်းကို ဝေမျှပေးရင်း ကွယ်လွန်သွားသူလည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Photo Credit : original Uploder 
Photo Credit : original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T