စာသင်ရမယ့် အရွယ်တွေဖြစ်ပေမယ့် တိုက်ပွဲတွေဖြစ်ပွားရင် မိမိအသက်ကိုကာကွယ်ဖို့ လေ့ကျင့်နေကြတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/44/44dc75481d77ad5e1a4e58aaf6c5d2df44130fb9.jpg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

စာသင်ရမယ့် အရွယ်တွေဖြစ်ပေမယ့် တိုက်ပွဲတွေဖြစ်ပွားရင် မိမိအသက်ကိုကာကွယ်ဖို့ လေ့ကျင့်နေကြတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေက ဘေးလွတ်ရာနေရာမှာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အိုးအိမ်တွေကို စွန့်ခွာပြီး တိမ်းရှောင်နေကြတဲ့ ပြည်သူတွေထဲ ကလေးငယ်လေးတွေလည်း ပါဝင်ကြပါတယ်။ တိုက်ပွဲတွေကြောင့် လက်နက်ကြီးတွေ ထိမှန်ပြီး အကြောင်းမဲ့ အသက်သေဆုံးသွားတဲ့ ကလေးငယ်လေးတွေ၊ ကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ကလေးငယ်လေးတွေရဲ့ သတင်းတွေကိုလည်း စိတ်မ​ကောင်းစွာနဲ့ ကြားသိနေရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ချင်းပြည်နယ်က ကလေးငယ်လေးတွေဟာ စာသင်ရမယ့် အရွယ်လေးတွေဖြစ်ကြပေမယ့် တိုက်ပွဲဖြစ်ပွားနေတာ​ကြောင့် မိမိအသက်ကို ကာကွယ်ဖို့ ပြင်ဆင်နေကြပါတယ် ။ အဆိုပါချင်းကလေးငယ်လေးတွေက တိုက်ပွဲတွေအနီးနားမှာ ဖြစ်ပွားလာရင် အသက်အန္တရာယ်မထိခိုက်မိအောင် ကာကွယ်ရှောင်ပြေးဖို့အတွက် လေ့ကျင့်ရေးတွေ ပြုလုပ်နေကြပါတယ်။ ဗုံးတွေ၊ကျည်တွေ မထိအောင် ကာကွယ်ဖို့အတွက် ကလေးငယ်လေးတွေကို လူကြီးတွေက လေ့ကျင့်ပေးနေတာကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စာသင်ခန်းမှာ အေးဆေးပညာသင်ရမယ့် အရွယ်လေးတွေ ဖြစ်ကြပေမယ့် ယခုမှာတော့ မိမိအသက်ကို ကာကွယ်ဖို့အတွက် အရွယ်နဲ့ မလိုက်အောင် လေ့ကျင့်နေရတာပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ပညာသင်ခွင့်မရဘဲ ယခုလိုပင်ပင်ပန်းပန်း လေ့ကျင့်နေရတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ပြီး ပြည်သူတွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ တိုက်ပွဲတွေဖြစ်ရင် ဘေးကင်းကင်းနဲ့ ရှောင်ပြေးဖို့အတွက် လေ့ကျင့်နေကြတဲ့ ချင်းကလေးငယ်လေးတွေရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder

(ဗီဒီယိုဖိုင်ကြည့်ရူရန်အတွက် အောက်ပါလင့်ကို Copyလုပ်ပြီး openကိုနှိပ်၍ Facebookကို ဖွင့်ပါ)

https://www.facebook.com/106559704436097/videos/988314365046388/

Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T