သူမဆီမှာအလုပ်လာလုပ်ကြသူတွေကို ကိုဗစ်ကူးစက်ရောဂါစဖြစ်ကတည်းက အိမ်မှာပဲခေါ်ထားပြီး အလျှံပယ်ကျွေးမွေးစောင့်ရှောက်ထားတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/be/bee3f3c1d401c90d4fe1f54a2c3e1c3ad8cc7ccb.jpeg
နေ့စဉ်သတင်းများ

 ၀၉-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူမဆီမှာအလုပ်လာလုပ်ကြသူတွေကို ကိုဗစ်ကူးစက်ရောဂါစဖြစ်ကတည်းက အိမ်မှာပဲခေါ်ထားပြီး အလျှံပယ်ကျွေးမွေးစောင့်ရှောက်ထားတဲ့ ပြည်သူတစ်ဦး

ကိုဗစ်တတိယလှိုင်းကတော့ အခုနောက်ပိုင်းမှာ ပိုးတွေ့မှုနှုန်း တဖြည်းဖြည်းနည်းလာပြီး ပြည်သူတွေကလည်းကျန်းမာရေးနည်းလမ်းများနဲ့အညီ နေထိုင်ကြတာဖြစ်ပါတယ်။ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသူတွေလည်းရှိခဲ့သလို စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်ခဲ့လို့ ပြန်လည်ကောင်းမွန်လာသူတွေလည်းရှိပါတယ်။ပြည်တွင်းရေးအခြေအနေနဲ့ ကိုဗစ်ကူးစက်ရောဂါတို့ကြောင့် ပြည်သူအချင်းချင်းက ဖေးမကူညီပြီး အပြန်အလှန်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောင်ငူမြို့မှာနေထိုင်တဲ့ပြည်သူတစ်ဦးဆိုရင်လည်း သူမရဲ့ဝန်ထမ်းတွေကို ကိုဗစ်ကူးစက်ရောဂါတွေအရမ်းပြန့်ပွါးနေချိန်တွင် အိမ်မှာပဲခေါ်ထားတာဖြစ်ပါတယ်။သူမဆီမှာ အလုပ်လာလုပ်ကြသူတွေအကုန်လုံးကို ကျေးဇူးရှင်တွေလို့သတ်မှတ်ထားတာကြောင့် သူတို့တွေရဲ့စားဝတ်နေရေးကအစ ဂရုစိုက်ပေးတာဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးတာကြောင့် ကိုယ်ခံအားကောင်းမွန်အောင် စနစ်တကျချက်ပြုတ်ကျွေးမွေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူမရဲ့အိမ်မှာ ဝန်ထမ်းတွေအကုန်လုံးကို စရိတ်ငြိမ်းနေထိုင်စေတာကြောင့် နေ့စဉ်ရတဲ့လုပ်အားခလေးတွေကို အိမ်ကိုပြန်ပို့နိုင်ပြီး မိသားစုတွေလည်းပြေလည်ကြတာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေအကုန်လုံးကလည်း မိသားစုနဲ့ခဏခွဲနေရပေမယ့် အလုပ်ရှင်ရဲ့နွေးထွေးမှုကြောင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်တာပဲဖြစ်ပါတယ်။ဝန်ထမ်းတွေအများကြီးကိုသေချာစောင့်ရှောက်ပေးပြီး အစစအရာရာပြည့်စုံအောင်တာဝန်ယူပေးထားတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T