ဆိုင်ဖောက်ထွင်းခံရပြီး သိန်း(၆၀)ကျော်နဲ့ ဖုန်းတစ်ချို့အခိုးခံလိုက်ရတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/7a/7a5e465dbb5c6eee5325b1c39e3ea7eee8125eae.jpeg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

စီးပွားရေးကြပ်တည်းနေတဲ့ လက်ရှိကာလေတွေမှာ နိုင်ငံအနှံ့တိုက်ပွဲတွေအပြင် ပေါက်ကွဲမှုတွေ၊ လုယက်သတ်ဖြတ်မှုတွေနဲ့ ခိုးဝှက်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေတာ တွေ့ရပါတယ်။

ပြည်သူတွေမှာ အနေအထိုင် သတိထားသွားလာနေရတဲ့အပြင် စိတ်မလုံခြုံမှုတွေကြောင့်လည်း စိုးရိမ်ထိတ်လန့်နေကြရကာ အစစအရာရာခက်ခဲနေကြတာ ဖြစ်ပါတယ်။ 

Photo Credit - Uploader Original 
Photo Credit - Uploader Original 

အခုတစ်ခါမှာလည်း မြိတ်မြို့မှာ ဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ငွေကြေးအမြောက်အများပါသွားပြီး ဖုန်းတချို့လည်း အခိုးခံလိုက်ရတယ်လို့ သိရပါတယ်။

မြိတ်မြို့ တလိုင်းစုရပ်မှ ဆိုင်တဆိုင်အဖောက်ခံခဲ့ရတာဖြစ်ပြီး ဆိုင်ဖောက်ခံရတဲ့အကြောင်းနဲ့ပတ်သက်လို့ အခြားသူတွေလည်း အခုလိုအချိန်မှာ အထူးဂရုစိုက်ကြဖို့ သတိပေးစကားဆိုထားပါသေးတယ်။

Photo Credit - Uploader Original 
Photo Credit - Uploader Original 
Photo Credit - Uploader Original 
Photo Credit - Uploader Original 

ဖောက်ထွင်းသူကို CCTV မှတ်တမ်းထဲမှာ တွေ့ရှိရပြီး သိရှိပါက အကြောင်းကြားပေးဖို့နဲ့ ထိုက်တန်စွာကျေးဇူးဆပ်မယ့်အကြောင်းကိုလည်း ဆိုင်ပိုင်ရှင်က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသား အကူအညီတောင်းထားတာ တွေ့ရပါတယ်။

အခုလို အချိန်ကာလကြီးမှာ ဖောက်ထွင်းမှုတွေများပြားနေတာကြောင့် ပြည်သူတွေအားလုံး လုံခြုံစိတ်ချရမယ့် ပြင်ဆင်မှုတွေပြုလုပ်ကာ ဂရုစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Credit - Uploader Original 
Photo Credit - Uploader Original 


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T