မဟုတ်မမှန်သတင်းစကားဖြန့်ဝေနေသူတွေကို ပြတ်ပြတ်သားသား သတိပေးလိုက်တဲ့ PDF ရဲဘော်တစ်ဦး

//s9.kh1.co/79/79c98f7157fbae218c909feb3e0390882bae48dc.png
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကောလဟာလဆိုတာ အချိန်တိုင်းမှာပျံ့နှံ့နေခဲ့တာတော့ မဆန်းတော့ပါဘူး။ လက်ရှိဒီလို အရေးကြီး ကာလတွေမှာတော့ မဟုတ်မမှန်တဲ့ကောလဟာလသတင်းတွေဟာ တကယ့်သတင်းအစစ်အမှန်တွေကို ဖုံးလွှမ်းသွားပြီး ပြည်သူတွေကို လွဲမှားတဲ့သတင်းစကားတွေ သိမြင်စေတာတော့ တကယ်ကို မကောင်းပါဘူး။ ဒီအကြောင်းအရာကို PDF လူငယ်တစ်ယောက်က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောပြလာခဲ့ပါတယ်။ ကောလဟာလတွေဟာ မမှနန်ကန်ကြောင်းရှင်းပြရာကနေ အမှန်တကယ် လှုပ်ရှားနေတဲ့ သတင်းအရင်းအမြစ်တွေကို ရရှိသွားတာတွေလည်းရှိခဲ့ဖူးပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

ဒီအချိန်မှာ သတင်းအမှန်တွေရော ကောလဟာလတွေရော ရှုပ်ထွေးနေတာမို့ ပြည်သူတွေအနေနဲ့ မှန်ကန်တဲ့သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ လူပုဂ္ဂိုလ်တွေဆီက ဝေမျှတဲ့သတင်းစကားကိုသာ ချင့်ချိန်တွေးတောပြီး ယုံကြည်သင့်ပါတယ်။ လက်ရှိအချိန်ဟာ အန္တရာယ်လည်းများသလို အရေးလည်း ကြီးတာမို့ အားလုံးသတိမလွတ်ဘဲနေရမှာပါ။ အစစအရာရာကျပ်တည်းနေချိန်ဖြစ်တာကြောင့် ဒုစရိုက်မှုတွေလည်းများပြားနေနိုင်ပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

လူသိများတဲ့သူဖြစ်တိုင်း သူပြောစကားကိုမယုံကြည်ကြဖို့နဲ့ တစ်ချို့သတင်းထွက်နေတဲ့ နေရာတွေမှာ သူတို့ကိုယ်တိုင်ရှိနေပြီး တကယ်သတင်းထွက်ထားသလိုမဟုတ်ကြောင်း PDF လူငယ်တစ်ယောက်က ပြောပြလာခဲ့ပါတယ်။ ကိုယ်တိုင်လှုပ်ရှားနေသူတွေဖြစ်လို့ သူတို့ထက်ပိုပြီး မသိချင်ကြဖို့လည်း ပြောခဲ့ပါသေးတယ်။ ထူးခြားဖြစ်စဉ်ရှိရင်တော့ အားလုံးသိရအောင်တင်ပေးမယ်လို့ အသိပေးခဲ့ပါသေး တယ်။ စာဖတ်သူတို့လည်း သတင်းစကားတိုင်းကို အလွယ်တကူမယုံကြည်ဘဲ အသေအချာလေ့လာပြီး မှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit - Chit Zaw Zaw's FB Acc
Photo Credit - Chit Zaw Zaw's FB Acc

သတင်း အရင်းအမြစ်Chit Zaw Zaw's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T