(၃) နှစ်အရွယ်သမီးလေးကို သေနတ်သမားရဲ့ရန်က ကာကွယ်ဖို့ကြိုးစားရင်း အတူသေဆုံးသွားခဲ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ဖြစ်ရပ်

//s9.kh1.co/bb/bbbbe2be80d38c2dfcc944b31db72d535b48ff74.png
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

အနောက်နိုင်ငံတွေမှာမကြာခဏဆိုသလိုဖြစ်တတ်တဲ့ သေနတ်ကိုင်ပြီး ရမ်းကားပစ်ခတ်မှုတွေဟာ တကယ်ကိုထိတ်လန့်ဖွယ်ပါပဲ။ ဒီလိုပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးရတာဟာ ပိုပြီးဝမ်းနည်းစရာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ည (၁၂) နာရီ (၁၂) မိနစ်တွင် Devon မြို့က ပန်းခြံတစ်ခုမှာ သေနတ်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာတော့ အသက် (၃) နှစ်အရွယ် Sophie Martyn နှင့် သူမရဲ့ဖခင် Lee Martyn တို့နှစ်ဦးဟာ အသက် (၂၂) နှစ်အရွယ် သေနတ်သမား Jake Davison ရဲ့ ပစ်ခတ်မှုကိုခံခဲ့ရပြီး သေဆုံးခဲ့ကြပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

ပစ်ခတ်ခံရတာ ငါးဦးဖြစ်ပြီး ဖခင်ဖြစ်သူ Lee Martyn ဟာ သူ့ရဲ့သမီးဖြစ်သူ Sophie Martyn ကို ကာကွယ်ဖို့ကြိုးစားရင်းပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ရမ်းကားသူသေနတ်သမား Davison ဟာ ရဲအရာရှိတွေသူ့ဆီရောက်မလာခင်မှာပဲ သူ့ကိုယ်သူသေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီးနောက်မှာတော့ သားအဖနှစ်ယောက်လုံးကို အနီးအနားရှိ Derriford ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ နှစ်ယောက်လုံး သေဆုံးသွားခဲ့ပါတယ်။ Lee Marty နဲ့ ဇနီးဖြစ်သူ Becky တို့ဟာ Sophie Martyn ကို ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားခဲ့တာဖြစ်ပြီး ကလေးအသက် (၃) နှစ်အရွယ်ထိ ပျော်စရာမိသားစုလေးဖြစ်ခဲ့ပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သေဆုံးသွားခဲ့တဲ့သားအဖနှစ်ယောက်ကို ခေါင်းတလားတစ်ခုတည်းမှာပဲထည့်ပြီး မြုပ်နှံပေးခဲ့ကြပါတယ်။ သူတို့ရဲ့ဈာပနကို စက်တင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်းတွင် Plymouth ရှိ St Andrews ဘုရားရှိခိုးကျောင်းမှာကျင်းပခဲ့ပြီး ခေါင်းတလားဘေးတွင် ပန်းများဖြင့် ဂုဏ်ပြုထားခဲ့ကြပါတယ်။ Lee Marty သဘောကျတဲ့ဘောလုံးအသင်းဖြစ်တဲ့ အဲဗာတန် FC တံဆိပ်ကိုလည်း ထည့်ပေးခဲ့ကြပါတယ်။ ကောင်းမွန်ရာဘုံဘဝတွေမှာ အေးချမ်းပြီး ဘဝဆက်တိုင်းဒီလိုအဖြစ်ဆိုးမျိုးနဲ့မကြုံတွေ့ရစေဖို့ ဆုတောင်းပေးပါတယ်။

Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc
Photo Credit - Daily Mail's FB Acc

သတင်း အရင်းအမြစ်Daily Mail's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T