တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကျေးရွာတွေမှာ အကြောင်းမဲ့ မီးရှို့ဖျက်စီးတာခံရတဲ့ ဒီမော့ဆိုက နေအိမ်တချို့

//s9.kh1.co/8a/8a661631c116b57a5a5791782b70bc3a6a656fae.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့လေးမှာ ဧပြီလပိုင်းကနေစတင်ပြီး အာဏာရှင်လူတစ်စုရဲ့ တပ်တွေ နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူတချို့ သေဆုံးခဲ့ရသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် တိတ်ဆိတ်ပြီး မြို့ပျက်ကြီးသဖွယ် ဖြစ်ခဲ့ရပါတယ်။

Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF

စစ်ရဲ့ အနိဌာရုံခံစားခဲ့ရတဲ့ ဒီမော့ဆိုမြို့က နေအိမ်အများဟာ သွေးပျက်စရာကောင်းအောင် မီးလောင်ပြိုကျ ပျက်စီးနေတဲ့ မြင်ကွင်းတွေကလည်း ပြည်သူတွေအဖို့ ရင်နစ်စရာဖြစ်ခဲ့ရပါတယ်။ ဒီလိုခံစားခဲ့ရတဲ့ ဒီမော့ဆိုမြို့ကတော့ လတ်တလောမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ ကြားသိရပါတယ်။ ယခုမှာလည်း ဒီမော့ဆိုမြို့နယ်အတွင်းက စိတ်မကောင်းဖြစ်စရာ မြင်ကွင်းတချို့ဟာ လူမှုကွန်ယက်မှာပျံနှံ့လာခဲ့ပါတယ်။

Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF
Photo Credit - KNDF

ဒါကတာ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စံပြ (၆)မိုင် ကျေးရွာအတွင်းက လူနေအိမ်တချို့ကို အာဏာရှင် လက်အောက်ခံတပ်များရဲ့ အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့တဲ့ နေအိမ်တစ်လုံးပဲ ဖြစ်ပါတယ်။ ယခုမြင်ရတဲ့ နေအိမ်တစ်လုံးကတော့ မီးလောင်ကျွမ်းမှုကြောင့် ရစရာမရှိအောင် ပြိုကျပျက်စီးသွားတာ တွေ့ရပါတယ်။ အာဏာရှင် လက်အောက်ခံတပ်တွေဟာ လက်ရှိမှာ အဆိုပါ စံပြ (၆)မိုင် ကျေးရွာနှင့် ဒေါပိုးစီ ကျေးရွာတွေမှာ အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်ထားကြောင်း KNDF ရဲ့ ဖော်ပြချက်အရသိရပါတယ်။

သတင်း အရင်းအမြစ်Source -KNDF

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T