ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ထဲမှ ငွေကျပ် သိန်း (၁၀၀၀)တိတိကို ပါမောက္ခချုပ်ဆရာတော်ဘုရားထံမှာရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ မိသားစု

//s9.kh1.co/b8/b839a2b31f8dbbc131abc51e60d1317492b78508.jpeg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ထဲမှ ငွေကျပ် သိန်း (၁၀၀၀)တိတိကို ပါမောက္ခချုပ်ဆရာတော်ဘုရားထံမှာရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ မိသားစု

မြန်မာပြည်သူလူထုကတော့ အလှူအတန်းရက်ရောပြီး စိတ်သဘောထားပြည့်ဝကြလို့ ဘယ်သူ့ကိုမဆို စေတနာအပြည့်နဲ့ ကူညီပေးတတ်ကြတာဖြစ်ပါတယ်။ကိုဗစ်ပထမလှိုင်းကတည်းက ကြပ်တည်းလာတဲ့ပြည်သူတွေရဲ့စီးပွါးရေးကလည်း အခုချိန်ထိ ပြန်လည်ဦးမမော့နိုင်သေးတာဖြစ်ပါတယ်။သို့သော်လည်း ပြည်သူလူထုက အချင်းချင်းမျှဝေပေးရမယ်ဆိုတဲ့စိတ်နဲ့ မိမိတို့ရဲ့ချွေးနည်းစာထဲကနေ ရက်ရက်ရောရောလှူဒါန်းနေကြတာကိုတွေ့မြင်ရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နေပြည်တော်၊ချင်းရွာမှာနေထိုင်တဲ့ မိသားစုတစ်စုကလည်း ပါမောက္ခချုပ်ဆရာတော်ကြီး သာသနာပြုနိုင်ဖို့အတွက် ငွေကျပ်သိန်း(၁၀၀၀)တိတိကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်းနယ်လှည့်သာသနာပြုလာတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်လို့ ဒါယကာ၊ဒါယိကာမတွေလည်းပေါများပါတယ်။အခုလိုမျိုး ဆရာတော်ဘုရားကို ကြည်ညိုစွာနဲ့ လှူဒါန်းခဲ့တဲ့ မိသားစုလေးက ရိုးသားပြီးအလှူအတန်းရက်ရောတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စက်တင်ဘာလ (၄)ရက်နေ့မှာ အလှူရှင်မိသားစုက ငွေပဒေသာပင် သိန်း(၁၀၀၀)ကို ပြင်ဦးလွင်၊ဓမ္မသဟာယစင်တာကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ရိုးရိုးသားသားရှာဖွေစုဆောင်းထားတဲ့ ချွေးနည်းစာထဲမှ သဒ္ဓါတရားထက်သန်စွာလှူဒါန်းခဲ့တာကြောင့် ပြည်သူလူထုကလည်း အလှူရှင်တွေရဲ့ကုသိုလ်ကို သာဓုခေါ်နေကြတာဖြစ်ပါတယ်။နောက်ထပ်လည်း သိန်းပေါင်းများစွာလှူဒါန်းနိုင်ပြီး သာသနာအကျိုးပြုနိုင်ပါစေလို့ ဆုတောင်းရင်း အလှူရှင်တွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T