ထမင်းစားခါနီးတိုင်း ပြည်သူအပေါ်ကိုသစ္စာစောင့်သိမည်ဖြစ်ကြောင်း အားအင်အပြည့်နဲ့ သံဓိဌာန်ဆိုနေကြတဲ့ PDFရဲဘော်တွေရဲ့ဗီဒီယို

//s9.kh1.co/08/088addba2435a28f74e6b9bf1707f5cfadd41c59.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားနေကြတာကိုတွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူငယ်အတော်များများလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိကာ PDFရဲဘော်တွေအနေနဲ့ ခံယူပြီး စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ဒီဒေး ကြေငြာလိုက်ပြီလည်းဖြစ်တာကြောင့် တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာပြီး နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့လည်း တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်နေကြတဲ့ PDF ရဲဘော်တွေအတွက် ရိက္ခာနဲ့ အစားအသောက်တွေ တတ်နိုင်သရွေ့ လှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေကလည်း ထမင်းစားချိန်ရောက်တိုင်း ပြည်သူကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ကြောင်း သံဓိဌာန်ဆိုပြီးမှ စားကြတာလည်းတွေ့ရပါတယ်။ ဒီဗီဒီယိုလေးကို PDF ရဲဘော်တစ်ဦးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ မျှဝေလာတာလည်း တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Ants Are Always Busy's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T