ရှေ့တန်းမှာအသက်ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ KNU ရဲဘော်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့တိုက်ပွဲကြားက ထမင်းစားနေတဲ့မြင်ကွင်းပုံရိပ်များ

//s9.kh1.co/59/592b2428d0b1386856f75f4c662128bda36f56d5.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ရှေ့တန်းမှာအသက်ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ KNU ရဲဘော်တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့တိုက်ပွဲကြားက ထမင်းစားနေတဲ့မြင်ကွင်းပုံရိပ်များ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၇) ရက်နေ့ကတော့ ပုလောမြို့မှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ရဲ့ထိုးစစ်ဆင်ဝင်ရောက်မှုကြောင့် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ် ။ KNU တပ်မဟာ (၄) ရဲ့ထိန်းချုပ်နယ်မြေထဲကို တစ်ဖက်ကထိုးစစ်ဆင်လာခဲ့တာကြောင့် မနက် (၈) နာရီဝန်းကျင်ခန့်ကစတင်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ တိုက်ပွဲ‌ (၄)ကြိမ်၊ ထိတွေ့မှု (၁၃)ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ (၆)နာရီမှာတော့ တစ်ဖက်အဖွဲ့က ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page

လေးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ KNU တပ်မဟာ(၄) နဲ့ပုလောဒေသခံ မဟာမိတ်အဖွဲ့တွေပါဝင်တဲ့ PRDF အဖွဲ့အပြင် PDF တွေပါ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ။ KNU တပ်မဟာ(၄) နဲ့မဟာမိတ်အဖွဲ့တွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုကြောင့် တစ်ဖက်အဖွဲ့ဘက်မှ ဗိုလ်အဆင့်ရှိ တစ်ဦးအပါအဝင် (၃)ဦးခန့် ကျဆုံးပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ KNU ရဲဘော်တွေကတော့ တိုက်ပွဲကြားမှာပဲ ဖြစ်သလိုထမင်းစားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page

‌ရှေ့တန်းရောက် ပြည်သူ့ရဲဘော်တွေက ဖက်ရွက်ပေါ်မှာ ထမင်းတွေပုံချပြီး အတူတူဝိုင်းဖွဲ့ကာ စားသောက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ညီအစ်ကိုတွေလို တရင်းတနှီးတည်းရှိကြပြီး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပုံရိပ်တွေကလည်း ပြည်သူတွေကိုပါ ပီတိဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ မနေ့က ပုလောမြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ KNU တပ်မဟာ(၄) နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ရဲ့တိုက်ပွဲကြားက ထမင်းနေတဲ့မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-We Are Everything's FB Page

Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Photo Credit-We Are Everything's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T