ဘုတလင်မြို့နယ်အတွင်းက Mytel တာဝါတိုင်တွေနဲ့ ဆက်စပ်ပစ္စည်းများကို တစ်ချိန်တည်းမှာ မိုင်းခွဲဖျက်စီးခဲ့တဲ့ PDF တွေရဲ့ ရုပ်သံဖိုင်

//s9.kh1.co/db/db0614b983ba4ab18cf30c08962036698e8817b2.jpg
နေ့စဉ်သတင်းများ

 ၀၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစတင်ပြီး ပြည်သူ့အာဏာ သိမ်းယူသွားပြီးနောက် ဒီမိုကရေစီလိုလာတဲ့ ပြည်သူတွေကတော့ ရရာနည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန် လာကြတာဖြစ်ပါတယ်။ ဒါ့အပြင် အာဏာရှင်လူတစ်စုရဲ့ လုပ်ငန်းစဥ်တွေ ရပ်တန့်သွားအောင် ထုတ်လုပ်ရောင်းချနေတဲ့ ယာမကာအမျိုးမျိုး ၊ စားသုံးကုန်ပစ္စည်းအမျိုးမျိုးနဲ့ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်းများ အပါအဝင် အခြားအရာများကို ဝယ်ယူသုံးစွဲခြင်း၊ အားပေးခြင်း ၊ အသုံးပြုခြင်းများကို မပြုလုပ်ကြဘဲ ပြည်သူများက ဆန့်ကျင်ဆန္ဒပြလာကြတာ ယခုထိတွေ့မြင်နေရတာ ဖြစ်ပါတယ်။

Photo Credit - PRN
Photo Credit - PRN
Photo Credit - Original Upload 
Photo Credit - Original Upload 

ဒါ့အပြင် ၎င်းတို့ရဲ့ လက်အောက်ခံ စီးပွားရေးတစ်ခုဖြစ်တဲ့ Mytel ဆင်းကတ်များကို ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ခဲ့ကြသလို Mytel ဆက်သွယ်ရေး တာဝိုင်တိုင်များကိုလည်း မိုင်းခွဲပြီးဖြိုချဖျက်စီး မီးရှို့တာတွေလည်း လတ်တလောမှာ ပိုမိုဖြစ်ပွားလာတာ ဖြစ်ပါတယ်။ ယခုမှာလည်း အာဏာရှင်လူတစ်စုပိုင်တဲ့ Mytel ဆက်သွယ်ရေး တာဝိုင်တိုင်များကို PDF တွေက မိုင်းဖောက်ခွဲဖျက်စီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာ ပျံနှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဒီတစ်ခါဖျက်စီးခဲ့တာကတော့ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာ ၊ ရပ်ကွက်တွေမှာရှိတဲ့ Mytel တာဝါတိုင် (၁၁)တိုင် နဲ့ ဆက်စပ်ပစ္စည်း စက်ကိရိယာများကို စတင်ဘာလ(၇)ရက်နေ့ တစ်ချိန်တည်းမှာပဲ မိုင်းဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သိရပါတယ်။ အားပြင်းတဲ့ မိုင်းဒဏ်ကြောင့် Mytel တာဝါတိုင် နဲ့ ဆက်စပ်ပစ္စည်း စက်ကိရိယာများဟာ ယခုပုံတွေမှာ မြင်တွေ့ရသိအတိုင်း ရစရာမရှိအောင် မီးလောင်ပျက်စီးသွားတာကို တွေ့မြင်ရပါတယ်။

သတင်း အရင်းအမြစ်Source - PRN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T