အသက်ကိုတောင်ပေးပြီး တိုက်ပွဲဝင်နေတဲ့ အစ်ကိုဖြစ်သူနဲ့ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ​ဖွင့်ဟလာတဲ့ တိုင်းကျော်ရဲ့ညီလေး

//s9.kh1.co/d6/d68b039a9d7be5891db575b9a83054967da85b80.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

အသက်ကိုတောင်ပေးပြီး တိုက်ပွဲဝင်နေတဲ့ အစ်ကိုဖြစ်သူနဲ့ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ​ဖွင့်ဟလာတဲ့ တိုင်းကျော်ရဲ့ညီလေး

လူရွှင်တော်တိုင်းကျော်အပါအဝင် ဟား(၅)ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေပြီး ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါတယ်။ လူရွှင်တော်တိုင်းကျော်ကတော့ တောတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး ရန်သူကို တိုက်ခိုက်ဖို့အတွက် စစ်ရေးလေ့ကျင့်နေပါတယ်။ ယခုမှာတော့ တိုင်းကျော်ရဲ့ ညီဖြစ်သူဟာ အသက်ကိုတောင်ပေးပြီး ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့ တိုင်းကျော်နဲ့ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အမှန်တရားအတွက် လက်နက်ကိုင်ပြီး မတရားမှုကို တွန်းလှန်နေတဲ့ အစ်ကိုဖြစ်သူရဲ့ အကြောင်းကို ​ တိုင်းကျော်ရဲ့ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟလာခဲ့ပါတယ်။ တိုင်းကျော်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အေးအေးဆေးဆေးနေတတ်သူဖြစ်သလို ဉာဏ်လည်းကောင်းသူဖြစ်ကြောင်း ညီဖြစ်သူက ​ပြောဆိုထားခဲ့ပါတယ်။ တိုင်းကျော်ဟာ ရန်လည်း ဘယ်သူနဲ့မှမဖြစ်ဖူးသလို ဘယ်သူနဲ့မှလည်း ပြသနာမတက်အောင်နေထိုင်တတ်သူဖြစ်ကြောင်း၊ အသက်(၁၄)နှစ်သားတည်းက လူရွှင်တော်အလုပ်၊ဇာတ်မင်းသားအလုပ်တွေနဲ့ အသက်မွေးခဲ့သူဖြစ်ကြောင်း ပြောပြထားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ တိုင်းကျော်တစ်ယောက် သူယုံကြည်ရာအတွက် လက်နက်ကိုင်ပြီး မတရားမှုကိုတွန်းလှန်နေကြောင်း၊တိုင်းကျော် နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း၊သူလည်းတက်နိုင်တဲ့ ဘက်ကနေ အမြဲပါဝင်နေကြောင်း ၊ D day လာပြီဆိုတော့ ပြည်သူ့ပန်းတိုင်ဟာ မဝေးတော့ကြောင်း ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်ပွဲဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ တိုင်းကျော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T