အသည်းအသန်ဖြစ်နေတဲ့မိဘတွေဆီ အချိန်မှီအောင်ပြန်ခဲ့ပေမယ့် အဖြစ်ဆိုးတွေကြောင့် ရင်ကွဲမတတ်ခံစားနေရရှာတဲ့ သားဖြစ်သူ

//s9.kh1.co/f1/f13f2096bb58f89ad394ff6f7e514312128be21d.jpeg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ကပ်ရောဂါဆိုးတွေကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေအပြင် လူငယ်တွေလည်း ပါဝင်ပြီး အသက်အရွယ်မရွေး သေဆုံးခဲ့ကြရပါတယ်။ တချို့မှာလည်း အခြေအနေ အကြောင်းကြောင်းကြောင့် အဝေးရောက်နေတဲ့ မိသားစုဝင်တွေဆီကို အချိန်မှီ အရောက်ပြန်မလာနိုင်ခဲ့တာတွေ ရှိပါတယ်။ အခုလည်းလူငယ်တစ်ယောက်ဟာ အသည်းအသန်ဖြစ်နေတဲ့မိဘတွေဆီကို ထိုင်းနိုင်ငံကနေ အချိန်မှီအောင် အရောက်ပြန်ခဲ့ပေမယ့် ရင်ကွဲမတတ်ခံစားရတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရပါတယ်။

Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc

ဖခင်အသည်းအသန်ဖြစ်နေလို့ ထိုင်းကနေ မြန်မာပြည်အမြန်ပြန်လာခဲ့တာဖြစ်ပြီး Q ဝင်နေရတဲ့အတွက် အလာကောင်းပေမယ့် အခါနှောင်းကာ တွေ့ခွင့်မရလိုက်ဘဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဖေ့အသက်မမှီခဲ့တာကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်းမဆုံးဖြစ်နေချိန်မှာပဲ မိခင်ဖြစ်သူကပါ အသည်းအသန်ဖြစ်နေတာကြောင့် သောကအပူမီးတွေနဲ့ အချိန်မှီတွေ့ရဖို့ ကြိုးစားခဲ့ရပြီး တွေ့မြင် ကန်တော့ခွင့်ရလိုက်ပေမယ့်လည်း မိခင်ဖြစ်သူကို ထပ်မံဆုံးရှုံးခဲ့ရတာကြောင့် ရင်ကွဲမတက်ခံစားနေရတာ ဖြစ်ပါတယ်။ 

Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc

အတတ်နိုင်ဆုံး ကြိုးစားပေမယ့်လည်း မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ သားဖြစ်သူရဲ့ ဝမ်းနည်းစရာဖြစ်ရပ်တွေဟာ မပြီးဆုံးနိုင်တဲ့ Covid ကပ်ရောဂါကြောင့် ရင်နာရတဲ့ အဖြစ်အပျက်တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ပြည်သူတွေအနေနဲ့ ချစ်ရသူတွေနဲ့အတူ မခွဲမခွာ အတူရှိနေနိုင်ကြဖို့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြပြီးကပ်ဆိုးကြီးတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc
Photo Credit - Zin Moe's Fb Acc

သတင်း အရင်းအမြစ်Zin Moe's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T