တိုက်ပွဲမှာမတော်တဆကျဆုံးသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို သူဖြစ်စေချင်သလို မြေချပေးဖို့ပြောလာတဲ့ PDF လူငယ်လေး

//s9.kh1.co/b0/b02e1edee8c2ed4a5cd61c1caed7c13f4a43a67a.png
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

..

NUG အစိုးရက ဒီနေ့စက်တင်ဘာလ (၇) ရက်နေ့ရက်စွဲနဲ့ အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်ကြဖို့ ကြေညာခဲ့ပြီးနောက် ပြည်သူအများကလည်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး PDF လူငယ်လေးတွေဟာလည်း တရားသောစစ်ပွဲအတွက် အဆင်သင့်ပြင်ဆင်နေကြပါတယ်။ စွန့်လွှတ်စွန့်စားရဲဘော်တွေထဲက PDF လူငယ်လေးတစ်ယောက်ကတော့ တိုက်ပွဲမှာ သူသာကျဆုံးသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ရုပ်အလောင်းကို မြန်မာပြည်အလံလေး လွှမ်းခြုံပေးဖို့တောင်းဆိုလာခဲ့ပါတယ်။

Photo Credit - Zar Ni Aung's FB Acc
Photo Credit - Zar Ni Aung's FB Acc

ပြည်သူတွေကိုလည်း ကျန်းမာရေးဂရုစိုက်ကြဖို့အပြင် အောင်သပြေလေးတွေလည်း ကြိုဝယ်ထားကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ သေဆုံးပြီးနောက်ပိုင်း ငရဲကိုရောက်ခဲ့ရင်တောင် ငရဲထက်ဆိုးတဲ့ ဘဝတွေကို ကြုံခဲ့ရတဲ့အကြောင်းတွေ ငရဲမင်းသိအောင်ပြောပြမယ်လို့လည်း ကြေကွဲစွာပြောခဲ့ပါသေးတယ်။ တောထဲမှာ ပင်ပန်းဆင်းရဲမှုဒဏ်တွေကို အံကြိတ်ခံပြီး ပြည်သူ့အောင်ပွဲအတွက်ကြိုးစားပေးနေကြတာ တကယ်ကိုလေးစားဖို့ကောင်းပါတယ်။

Photo Credit - Zar Ni Aung's FB Acc
Photo Credit - Zar Ni Aung's FB Acc
Photo Credit - Zar Ni Aung's FB Acc
Photo Credit - Zar Ni Aung's FB Acc

ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့အခြေခံစားကုန်တွေကြိုတင်ဝယ်ယူထားပြီး မိမိတို့အိမ်မှာပဲ ဘေးကင်းအောင်နေကြဖို့လိုပါတယ်။ PDF လူငယ်လေးတွေဟာလည်း သူတို့ရဲ့ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြတော့မယ့်အကြောင်း အတိအလင်းပြောခဲ့ကြပါတယ်။ တရားသောစစ်ပွဲတိုင်း အောင်နိုင်ပြီး အမှန်တရားဘက်တော်သားများအားလုံး ဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - Zar Ni Aung's FB Acc
Photo Credit - Zar Ni Aung's FB Acc

သတင်း အရင်းအမြစ်Zar Ni Aung's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T