ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း အားလုံးကိုအသိပေးလာတဲ့ Cardi B နဲ့ Offset တို့ဇနီးမောင်နှံ

//s9.kh1.co/e6/e6e5806cbb6668dfa8efbaf8714c204aa5618a06.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဒုတိယမြောက်ရင်သွေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီဖြစ်ကြောင်း အားလုံးကိုအသိပေးလာတဲ့ Cardi B နဲ့ Offset တို့ဇနီးမောင်နှံ

အမေရိကန် အမျိုးသမီး Rapper တစ်ဦးဖြစ်တဲ့ Cardi B ကတော့ သူမရဲ့သီချင်းတွေနဲ့ အမိုက်စား Performance တွေကြောင့် ရေပန်းစားအောင်မြင်လာတဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ် ။ Rap Star တစ်ယောက်ဖြစ်တဲ့ Cardi B က Social Media ထက်မှာ အားလုံးရဲ့စိတ်ဝင်စားမှုကိုရရှိပြီး အမြဲတမ်း Popular ဖြစ်နေတတ်သူလည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း Cardi B က ဒုတိယမြောက်ရင်သွေးလေး မွေးဖွားလိုက်ပြီဖြစ်ကြောင်း အားလုံးကိုအသိပေးထားတာ တွေ့ရပါတယ်။

Photo Credit-CardiB's IG Acc & Offset's IG Acc

Cardi B နဲ့ Offset တို့ဇနီးမောင်နှံက သူတို့ရဲ့ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်လိုက်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်နေတဲ့ပုံရိပ်တွေကို Instagram မှာဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ Cardi B က သူမရဲ့ရင်သွေးလေးကို ပြီးခဲ့တဲ့စက်တင်ဘာလ (၄)ရက်နေ့မှာပဲ အောင်အောင်မြင်မြင် မွေးဖွားခဲ့တာဖြစ်ပြီး သားလေးလို့ သိရတာလည်း ဖြစ်ပါတယ်။ ရင်သွေးလေးကို ထွေးပွေ့ပြီး ကြည်နူးနေတဲ့ Cardi B တို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကလည်း ကမ္ဘာတစ်လွှားက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc

လက်ရှိအချိန်မှာတော့ ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားနိုင်ခဲ့ပြီဆိုတဲ့ Cardi B ရဲ့သတင်းက နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့စာမျက်နှာထက်မှာ ရေပန်းစားနေရာယူထားတာ တွေ့ရပါတယ်။ Cardi B ကတော့ ရင်သွေးလေး မမွေးဖွားခင်ကတည်းက သူမရဲ့ဖက်ရှင်တွေနဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် Cardi B က ကိုယ်ဝန်အရင့်အမာကြီးနဲ့တောင် Stage ပေါ်မှာ သီချင်းတက်ဆိုပြီး အမိုက်စားဖျော်ဖြေမှုတွေကို ပြုလုပ်ခဲ့သေးတာ ဖြစ်ပါတယ် ။ ဒုတိယမြောက်ရင်သွေးလေးနဲ့ ပျော်ရွှင်နေတဲ့ Cardi B တို့မိသားစုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-CardiB's IG Acc & Offset's IG Acc

Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Photo Credit-CardiB's IG Acc & Offset's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T