NUG အစိုးရရဲ့ အရေးပေါ်အခြေအနေတစ်ရပ် ကြေငြာခဲ့ပြီးနောက် City Mart များနှင့် စျေးများမှာ အလုအယက် ဝယ်ယူသူများလာတဲ့ မြင်ကွင်းတချို့

//s9.kh1.co/f3/f36fbd137471f01b98b3ff30e398496a6e1d5c65.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့ စတင်ဘာလ(၇)ရက်နေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတကြီးဖြစ်တဲ့ ဒူဝါလရှီးလက လတ်တလောဖြစ်ပေါ်လာမည့် စစ်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ကနေ ပြည်သူလူထုတွေကို အရေးပေါ်အခြေအနေတစ်ရပ်အား ထုတ်ပြန်ကြေငြာလာခဲ့ပါတယ်။ ဒီလို အရေးပေါ်အခြေအနေတစ်ရပ် ကြေငြာခဲ့တာကြောင့် ပြည်သူတွေဟာ စိုးရိပ်ပူပန်မှုတွေရှိလာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

NUG အစိုးရရဲ့ ကြေငြာချက်တွေမှာ ပြည်သူတွေကို အတတ်နိုင်ဆုံး အိမ်အပြင်မထွက်ဖို့နဲ့ ဆေးဝါးများ၊ စားနပ်ရိက္ခာတွေကို စုဆောင်းထားဖို့ မှာကြားခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်း မြို့ကြီးပြကြီးတွေမှာ ပြည်သူတွေကတော့ စစ်ပွဲများဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မှုဖြင့် သူထက်ငါ ကြိတ်ကြိတ်တိုး ဝယ်ယူနေကြတာ တွေ့ရပါတယ်။ တချို့ ကုန်ပစ္စည်းတွေဆိုရင် ဝယ်ယူသူတွေများလာတာကြောင့် အချိန်ခဏအတွင်း ပြတ်လပ်သွားကြတယ်လို့လည်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမြင်တွေ့နေရတဲ့ မြင်ကွင်းတချို့ကတော့ ယနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ City Mart များနှင့် အခြားသော ဈေးများနဲ့ ဈေးဆိုင်တွေမှာ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးများကို သူထက်ငါ အလုအယက် လာရောက်ဝယ်ယူကြတာ ဖြစ်ပါတယ်။ ဒီလို အလုအယက် ဝယ်ယူနေတာကြောင့် ကုန်စျေးနှုန်းမြင့်တက်လာမှာကို အခြေခံလုပ်သားပြည်တွေက စိုးရိမ်နေကြသလို တချို့မှာ ဝေဖန်မှုတွေရှိတာ တွေ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=366,q=100/0b/0b232430872457325cfa4c0bd7ca0768c3c7ada2.jpg

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T