မကြာသေးခင် နာရီပိုင်းလောက်က NUG အစိုးရမှ အရေးပေါ်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး မကြာသေးခင် နာရီပိုင်းလောက်က လူရွှင်တော်ပိုးလေးရဲ့ လူမှုကွန်ယက်မှာ ဗီဒီယိုဖိုင်တစ်ခု တင်ပေးလာတာ ဖြစ်ပါတယ်။ ဒါကတော့ လက်ရှိကြားနေရတဲ့သတင်းတွေအပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်တဲ့အရာများကို ပြောပြလာတာ ဖြစ်ပါတယ်။
ပန်းတိုင်ကို အနီးကပ်မြင်နေရပြီဖြစ်တဲ့အတွက် အားလုံးဂရုစိုက်ကြဖို့နဲ့ သတိနဲ့နေထိုင်ကြဖို့ မှာကြားနေတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့အခါ ကြိုတင်လုပ်ဆောင်ထားရမယ့်အချက်အလက်တွေကို ပြန်လည်ရှာဖွေပြီးပြင်ဆင်ထားသင့်ကြောင်း ပြောပြထားပါသေးတယ်။ D-Day ကြေညာလိုက်တာနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေအဆမတန် မြင့်တက်မမသွားဘဲ လူတန်းစားမရွေးဝယ်ယူနိုင်အောင် ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသင့်ကြောင်း ဈေးဆိုင်ပိုင်ရှင်များကို တောင်းဆိုထားပါတယ်။
မျိုးချစ်စိတ်ဓာတ်အရမ်းတက်ကြွပြီး အတင့်မရဲကြဖို့နဲ့ ကိုယ်လုပ်တဲ့အလုပ်ကို ခြေသံလုံစွာ လှုပ်ရှားကြဖို့ လူငယ်တွေကို သတိပေးထားပါသေးတယ်။ ဒီအခြေအနေမျိုးမှာ အားလုံးသတိရှိရှိနဲ့ သွားလာနေထိုင်ကြဖို့ ပြောကြားလိုပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင်အတွက် ဟားငါးကောင်ရဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ပါတည်း တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Ko Ko Poe Lay’s Facebook Account