တော်လှန်ရေးအတွက်ပြင်ဆင်နေရပြီဖြစ်လို့ ပရိသတ်တွေအတွက် အရေးကြီးတဲ့အမှာစကားလေးပြောရင်းဂရုစိုက်နေကြရန် တိုက်တွန်းလာတဲ့ ပိုးလေး

//s9.kh1.co/26/262c9ca63e8a00a23bdd0c33720e75cf93d4e305.jpg
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ်စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ပဲဖြစ်ပါတယ်။ လူရွှင်တော်တွေအနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်.....။

Photo credit-Ko Ko Poe Lay's Facebook
Photo credit-Ko Ko Poe Lay's Facebook

ဒီကနေ့စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ ပြည်သူ့​တော်လှန်ရေးနေ့ အဖြစ် ကြေညာကြောင်း NUG သမ္မတ ဒူဝါလရှီးလက ကြေညာလိုက်တာလည်း ဖြစ်ပြီး KNU နယ်မြေဘက်တွေမှာလည်း ထိစပ်တိုက်ပွဲတွေ စတင်ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေရောက် ဟားငါးကောင်အဖွဲ့အနေနဲ့လည်း စစ်ရေးအတွက်ပြင်ဆင်နေကြပြီဖြစ်ပြီး ပြည်သူတွေကို အစစအရာရာဂရုစိုက်ကြဖို့လည်း ပြောလာပါတယ်။

Photo credit-Ko Ko Poe Lay's Facebook
Photo credit-Ko Ko Poe Lay's Facebook
Photo credit-Ko Ko Poe Lay's Facebook
Photo credit-Ko Ko Poe Lay's Facebook

ပရိသတ်တွေအနေနဲ့လည်း PDFရဲဘော်တွေအတွက် ဆုတောင်းပေးနေကြပြီး ပိုးလေးကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ မကြာခင်မှာ ပရိသတ်တွေနဲ့ပြန်ဆုံချင်ကြောင်းကိုလည်း တင်ပေးသွားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ko Ko Poe Lay's Facebook
Photo credit-Ko Ko Poe Lay's Facebook

သတင်း အရင်းအမြစ်Ko Ko Poe Lay's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T