တိုက်ပွဲက တစ်ရက်တည်းဖြစ်ပွားမှာမဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျလိုက်နာရမယ့်အချက်တွေကို ဖွင့်ဟလာတဲ့ PDFလူငယ်တစ်ဦး

//s9.kh1.co/c9/c93ac233e759796d163ae84c7f244ec991f9eabf.jpg
နေ့စဉ်သတင်းများ

 ၀၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

တိုက်ပွဲက တစ်ရက်တည်းဖြစ်ပွားမှာမဟုတ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စနစ်တကျလိုက်နာရမယ့်အချက်တွေကို ဖွင့်ဟလာတဲ့ PDFလူငယ်တစ်ဦး

မြန်မာလူငယ်လေးတွေက အိမ်မက်တွေ ၊ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး ရန်သူကို ချေမှုန်းဖို့အတွက် အပင်ပန်းခံ၊ဒုက္ခခံကာ စစ်ပညာတွေ သင်ကြားနေကြပါတယ်။ တစ်ချိန်က ဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပြီး ယခုမှာတော့ အရာရာကို စွန့်လွှတ်ကာ တောတောင်တွေထဲမှာ စစ်ရေးလေ့ကျင့်နေတဲ့ PDFလူငယ်လေး တစ်ယောက်လည်း ရှိပါတယ်။ ယနေ့ စက်တင်ဘာလ (၇) ရက်နေ့မှာတော့ NUG အစိုးရရဲ့ယာယီသမ္မတဖြစ်တဲ့ ဒူဝါလရှီးလဟာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါလူငယ်လေးကတော့ အရေးပေါ်အခြေအနေ ကြေညာလိုက်တာဟာ ရန်သူဘက်ကတွေ့ရင် တွေ့တဲ့သူအရင်ဆော် ၊ ကိုယ်အရင်တွေ့ရင်လည်း ကိုယ်ဦးအောင်ဆော်ပြီ ဆိုတာ ကြေညာလိုက်တာ ဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။ အဆိုပါPDFလူငယ်တစ်ဦးကတော့ တိုက်ပွဲတွေ အနီးနားမှာ ဖြစ်ပွားနေရင် ပြည်သူတွေ စနစ်တကျလုပ်ဆောင်ရမယ့် အရာတွေကို ဖွင့်ဟပြောပြလာခဲ့ပါတယ်။ တိုက်ပွဲက တစ်ရက်တည်းဖြစ်မှာမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ မြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်ရင် ဘာအသံကြားကြား မစပ်စုကြဖို့  တိုက်တွန်းလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

တိုက်ပွဲတွေအနီးနားမှာ ဖြစ်ပွားနေရင် နေတဲ့ နေရာရဲ့ ကြမ်းပြင်၊ မြေပြင်ပေါ်မှာ ဝပ်နေကြဖို့၊ တိုက်ပွဲကြားထဲ ရောက်သွားနိုင်တာမို့ သတိနဲ့အပြင်ထွက်သွားလာကြဖို့ ပြောပြလာခဲ့ပါတယ်။ အဆိုပါPDFလူငယ်လေးက အစားအစာအခြောက်တွေ ဝယ်ထားကြဖို့၊ ပြည်သူတွေအနေနဲ့ ရန်သူရဲ့ နေရာအတိအကျကို အရင်လို Fbပေါ်တင်ပေးကြဖို့ ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါPDFလူငယ်လေးအပါအဝင် တော်လှန်ရေးသမားတွေကို ပြည်သူတွေက ဘေးကင်းကြဖို့ ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T