ရေဝေးသုဿန်နားမှာစွန့်ပစ်ခံရတဲ့ကလေးကို ခေါ်ယူစောင့်ရှောက်ပြီးနောက် ကလေးနဲ့အတူ ကုသိုလ်ရေးတွေလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/b5/b516837540b6865fb2269a46fe0200d72153ad33.png
အနုပညာရှင်များ

 ၀၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

သနားစဖွယ်စွန့်ပစ်ခံရတဲ့ နောက်ထပ်ရင်ခွင်မဲ့ကလေးတစ်ဦးကတော့ခိုင်နှင်းဝေရဲ့ မေတ္တာတွေနဲ့ လုံခြုံနွေးထွေးသွားပြန်ပါပြီ။ ရေဝေးသုဿန်အနီးမှာ ခြင်းနဲ့အုပ်ပြီး ဒီတိုင်းပစ်ခံခဲ့ရတာမို့ ခြင်တွေနဲ့ ပုရွက်ဆိတ်တွေကိုက်ခံနေရတဲ့ ကလေးငယ်လေးကို အနီးအနားလူတွေက စာနာကြတာကြောင့် ခိုင်နှင်းဝေဆီအကြောင်းကြားခဲ့ပြီးနောက်မှာ သူမက နောက်ထပ်ခိုင်မိသားစုဝင်လေးတစ်ယောက်အဖြစ် ခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ကလေးလေးဟာ မေမေခိုင်ရဲ့လက်ထဲမှာ ပျော်ရွှင်ပြီးရယ်မောနေပုံက အပြစ်ကင်းစင်လွန်းပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

ဘာမှမသိနားမလည်သေးတဲ့ လူမမယ်ကလေးလေးတွေကို အလွယ်တကူမစွန့်ပစ်မိကြဖို့ မိဘတွေအနေနဲ့ သတိထားရမှာပါ။ စားဝတ်နေရေးကျပ်တည်းလာတာနဲ့အမျှ ဒီလိုကိစ္စရပ်တွေ မကြာခဏဆိုသလို ဖြစ်ပေါ်လာမှာပါ။ ခိုင်နှင်းဝေကတော့ ရင်ခွင်မဲ့ကလေးတိုင်းကို လက်လှမ်းမီသလောက်ကူညီပေးနေခဲ့ပြီး ထပ်မံခေါ်ယူစောင့်ရှောက်လိုက်တဲ့ ကလေးနဲ့အတူ ဘုရားသွားကာ အောင်မြေနင်းပြီး ရွှေသင်္ကန်းတွေ ကပ်လှူကာ အတူတူကုသိုလ်ပြုခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

မေတ္တာတရားအရင်းခံပြီးစောင့်ရှောက်ပေးတဲ့လူရဲ့လက်ထဲကိုရောက်သွားတဲ့ ကလေးလေးဘဝလည်း အများကြီးအေးချမ်းသွားမှာပါ။ ချစ်စရာကလေးလေးဟာ လောကကြီးအကြောင်းမသိ၊ အပူအပင်တွေမရှိဘဲ ပကတိဖြူစင်ပြီးအေးချမ်းနေခဲ့ပါတယ်။ ကလေးလေးကိုချစ်ကြတဲ့ ပြည်သူတွေဟာလည်း စောင့်ရှောက်ပေးတဲ့ မေမေခိုင်ကို ကျေးဇူးတင်ကြောင်းမှတ်ချက်တွေ အများအပြားပေးခဲ့ကြပါတယ်။

Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc
Photo Credit - Khine Hnin Wai's FB Acc

သတင်း အရင်းအမြစ်Khine Hnin Wai's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T