လူသားချင်းစာနာမှု အကူအညီပေးနိုင်‌ဖို့အတွက် (၄)လ အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းလိုက်တဲ့ တိုက်တွန်းလိုက်တဲ့ အာဆီယံ

//s9.kh1.co/5c/5cd90fdac67c95947f4c084cd940df5e2f9fd952.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဘရုနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof က အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းလိုက်တယ်လို့ နိုင်ငံတကာသတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မြန်မာနိုင်ငံကို လူသားခြင်းစာနာမှု အကူအညီများ ချောမွေ့စွာပေးနိုင်ရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး (၄) လ အပစ်အခတ်ရပ်ဆဲထားရန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အကူအညီပေးရေး လုပ််ငန်းများကိုတော့ စက်တင်ဘာလ ဒုတိယအပတ် တတိယအပတ်လောက်မှာ စတင်ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ အပစ်ရပ်စဲဖို့ တောင်းဆိုမှုကို ပြီးခဲ့သည့် ဩဂုတ်လ (၃၁) ရက်နေ့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးမှာ   Erywan  Yusof မှ စကစတပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးထံသို့ တောင်းဆိုခဲ့တာဖြစ်ပြီး အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့လည်း အာဆီယံကိုယ်စားလှယ်မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

နိုင်ငံရေးမတည်ငြိမ်မှုတွေအပြင် စီးပွားရေးအခက်အခဲကြပ်တည်းမှုတွေနဲ့ ကိုဗစ်ရောဂါ စတဲ့ ကပ်ဆိုး(၃)မျိုး ခံစားနေရတဲ့ မြန်မာနိုင်ငံသားများအတွက် အကူအညီများပေးနိုင်ဖို့စီစဉ်နေပြီး အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အာဆီယံလူသားခြင်းဆိုင်ရာအထောက်အပံ့ပေးရေးဌာနချုပ်မှ(ASEAN Coordinating Centre for Humanitarian Assistance) မြန်မာနိုင်ငံကို ကူညီမှုများ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါတောင်းဆိုမှုနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေကတော့လအာဆီယံကို ပြည်သူတွေဘက်က ရပ်တည်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုများ ပြန်လည်ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်..။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T