စေတနာထားပြီး ရိက္ခာတွေပို့ပေးခဲ့ပေမယ့် စော်ကားတိုက်ခိုက်လာတဲ့ တော်လှန်ရေးလူငယ်တချို့ကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ ပန်ဆယ်လို

//s9.kh1.co/0d/0d31787aa1436cafe97009418c055ec3a054007a.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လူမှုကွန်ယက်မှာ အောင်မြင်ကျော်ကြားတဲ့ ဆယ်လီတစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ထဲထဲဝင်ဝင်ပါဝင်နေတဲ့ ပန်ဆယ်လိုကတော့ လတ်တလောကြုံတွေ့နေရတဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ စေတနာထားပြီး ရိက္ခာတွေပို့ပေးခဲ့ပေမယ့် စော်ကားတိုက်ခိုက်လာတဲ့အတွက် သူမရဲ့ စိတ်စေတနာတွေကို စော်ကားခံလိုက်ရသလို ဖြစ်သွားတာကြောင့် စိတ်မကောင်းဖြစ်လို့ နေတာပါ..။

Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc

အခုလို အချိန်ကာလကြီးမှာ တော်လှန်ရေးအဖွဲ့သားတွေဆီကို ရိက္ခာတွေ ပို့ပေးရတာဟာ လုံးဝမလွယ်ကူပေမယ့် တော်လှန်ရေးလူငယ်တွေအတွက် ရိက္ခာတွေ ပို့ပေးခဲ့ပေမယ့် အပြစ်တင်တိုက်ခိုက်မှုတွေကို ပြောပြထားတာ ဖြစ်ပါတယ်။ သူမနာမည်တပ်ပြီးပြင်းပြင်းထန်ထန်ပြောဆိုကာ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး အချက်အလက်မဲ့စွတ်စွဲတိုက်ခိုက်ထားတဲ့ ပိုစ့်အောက်မှာ မကြာသေးခင်ကမှ ရိက္ခာပို့ပေးထားတဲ့အဖွဲ့မှ အလှူခံပုဂ္ဂိုလ်ကိုယ်တိုင်ကပါ အလိုတူအလိုပါ ပြောဆိုထားတာကို အံ့ဩမိရင်း စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ 

Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc

တော်လှန်ရေးရဲဘော်တွေအတွက် ရိက္ခာလိုတယ်ဆိုလို့ ငွေမပို့ဘဲ ကိုယ့်လူငယ်တွေ စားရဖို့ဆိုတဲ့စိတ်နဲ့ ဆန်၊ ဆီ၊ ပဲ၊ စာရင်းမှာပါတဲ့ရိက္ခာမှန်သမျှ ကားအကြီးနဲ့ရအောင်သယ်ကာ စေတနာထားပို့ပေးခဲ့တာတွေကို တိုက်ခိုက်ပြောဆိုခံလိုက်တာ ဖြစ်ပါတယ်။ အဆဲခံအဆိုခံ အပြောခံ လုပ်နေတဲ့အရာတွေက တော်လှန်သူလူငယ်တွေအတွက် တကယ်အကျိုးမဖြစ်ထွန်းဘူးလားလို့တွေးရင်း ကိုယ့်အသုံးမကျမှုလို့ပဲ မြင်လာမိပြီး တစ်ဖက်က ဖြစ်စေချင်ကြတဲ့အတိုင်း ကိုယ်က ပြည်တွင်းမှာ အဖမ်းခံရ၊ အသတ်ခံရလိုက်သင့်တယ်ဆိုပြီး ပန်ဆယ်လိုက ရင်ဖွင့်ပြောပြထားပါသေးတယ်..။

Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc
Photo Credit - ပန်ဆယ်လို Fb Acc

သတင်း အရင်းအမြစ်ပန်ဆယ်လို Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T