ဥပဒေကိုချိုးဖောက်ပြီး တောရိုင်းတိရိစ္ဆာန်လေးတွေကို ဖမ်းဆီးသတ်ဖြတ်လို့ တရားရင်ဆိုင်ဖို့အတွက် ရဲစခန်းရောက်သွားခဲ့ရတဲ့ မုဆိုးသုံးဦး

//s9.kh1.co/ca/ca2ebf78316d7f29d422ca0bc9f9471fb7093b3f.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဥပဒေကိုချိုးဖောက်ပြီး တောရိုင်းတိရိစ္ဆာန်လေးတွေကို ဖမ်းဆီးသတ်ဖြတ်လို့ တရားရင်ဆိုင်ဖို့အတွက် ရဲစခန်းရောက်သွားခဲ့ရတဲ့ မုဆိုးသုံးဦး

ထိုင်းနိုင်ငံမှာဆိုရင် သဘာဝအလှကိုလည်း သေချာထိန်းသိမ်းကြသလို ရှားပါးတိရိစ္ဆာန်တွေကိုလည်း အရမ်းဂရုစိုက်ကြတာဖြစ်ပါတယ်။ဒါ့ကြောင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို(၂၀၁၉)ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကဆိုရင် (KANCHANABURI) အနောက်ဘက်နယ်စပ်ပြည်နယ်၊Thong Phaun မှာရှိတဲ့ Khao Laem အမျိုးသားဥယျာဉ်မှာ မုဆုံးသုံးဦးကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Bangkok post
Photo Credit:Bangkok post

အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့်အပင်ထိန်းသိမ်းရေး ဦး​စီးဌာနအရာရှိများက Chalae ရှိ Tipye ရွာအနီးတောအုပ်မှာ ကင်းလှည့်နေကြစဉ် သေနတ်နှစ်လက်နှင့်ဓာတ်မြေဩဇာအိတ်များသယ်ဆောင်လာတဲ့ မုဆိုးသုံးယောက်ကို မသင်္ကာလို့ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။ဓာတ်မြေဩဇာအိတ်ထဲမှာတော့ အနက်ရောင်ရှဉ့်နှစ်ကောင်၊ အာရှတိုက်စပ်ဖြီး-ဆင်ဖြူနှစ်ကောင်၊ မြွေတစ်ကောင်၊ မျောက်တစ်ကောင်၊ အခွံပျော့လိပ်တစ်ကောင်စတဲ့တိရိစ္ဆာန်အသေတို့ကို တွေ့ရတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder

မုဆိုးတွေရဲ့ကျောပိုးအိတ်ထဲမှာလည်း CZ452 ရိုင်ဖယ် ၇၅ လက်၊ ကျည် ၇၅ တောင့်၊ ၂၂ မီလီမီတာအိမ်လုပ်ရိုင်ဖယ်တစ်လုံး၊ ဓားရှည်သုံးချောင်း၊ မီးတုတ်လေးချောင်း၊ ဓာတ်မီးတစ်လက်၊ အလူမီနီယမ်အိုးလေးလုံး၊ ပုခက်သုံးလုံး၊ မီးခြစ်လေးလုံး၊ ဓာတ်ငွေ့ချက်ပြုတ်ကိရိယာများကို ထပ်မံတွေ့ရတာဖြစ်ပါတယ်။ရဲအရာရှိတွေလည်းမုဆိုးသုံးဦးကို ဥပဒေအရတရားစွဲဆိုကြဖို့အတွက် Thong Pha Phum ရဲစခန်းသို့ခေါ်ဆောင်သွားကြတဲ့အကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit:Bangkok Post

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T