ငယ်စဥ်ကတည်းက ရုပ်ရည်ချောမောလှပပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးများ

//s9.kh1.co/34/3499f9ca27bd017b36f3f1cf3b9212b4d2571292.jpg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ငယ်စဥ်ကတည်းက ရုပ်ရည်ချောမောလှပပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ထိုင်းမင်းသမီးချော Baifern ရဲ့ရှားရှားပါးပါး ငယ်ဘဝပုံရိပ်လေးများ

ဒီတစ်ခါမှာတော့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်တဲ့ Baifern Pimchanok ရဲ့ငယ်ဘဝပုံရိပ်လေးတွေကို ဖော်ပြရင်းနဲ့ သူမရဲ့အကြောင်းတွေကို မြန်မာပရိသတ်တွေအတွက် ပြောပြပေးချင်ပါတယ်။ Baifern ကတော့ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာသာမက အခြားပြည်ပနိုင်ငံတွေမှာပါ နာမည်ကြီးကျော်ကြားတဲ့ ထိုင်းသမီးတစ်လက် ဖြစ်ပါတယ် ။

Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc

Baifern က ချောမောလှပတဲ့ သူမရဲ့ရုပ်ရည်နဲ့ ပီပြင်အသက်ဝင်လွန်းတဲ့ အနုပညာအရည်အချင်းတွေကြောင့် ယနေ့အချိန်အထိ အောင်မြင်မှုရနေတာ ဖြစ်ပါတယ် ။"Crazy Little Thing Called Love" ဇာတ်ကားနဲ့လူသိများခဲ့တဲ့ Baifern က "Lhong Fai, The Fallen Leaf" စတဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်။

Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc

Baifern က TV Series ,Movies, Music Videos တွေရိုက်ကူးနေရတဲ့အပြင် ကြော်ငြာပေါင်းများစွာကို လက်ခံရိုက်ကူးနေရတဲ့ ထိုင်းနိုင်ငံရဲ့ထိပ်တန်းကြော်ငြာမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ် ။

Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc

ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ Baifern မှာတော့ "Baifield Jiratid Luevisadpaibu" ဆိုတဲ့ မောင်လေးတစ်ယောက်လည်း ရှိပါတယ် ။

Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc

ယခုလာမယ့် စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ Baifern က အသက် (၂၉)နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ် ။ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတဲ့ Baifern က မြန်မာနိုင်ငံမှာလည်း ပရိသတ်တွေ အများအပြားရရှိထားတာ ဖြစ်ပါတယ် ။ မင်းသားချော ပိုင်တံခွန်ကလည်း Baifern ရဲ့Fan တစ်ယောက်ဖြစ်ပြီး သူမနဲ့အတူ ကြော်ငြာတွဲရိုက်ခဲ့ဖူးပါသေးတယ်။

Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc

မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တဲ့ "46 Days" ဇာတ်လမ်းတွဲကလည်း မြန်မာပရိသတ်တွေကြားမှာပါ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့အချစ်ခံရတဲ့ Baifern က ငယ်ငယ်ကတည်းက ချစ်ဖို့ကောင်းသူလေးဖြစ်ကြောင်း သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေက သက်သေပြနေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေအတွက် ထိုင်းမင်းသမီးချော Baifern ငယ်ငယ်ကပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Baifernbah's IG Acc

Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah_Mommy's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Photo Credit-Baifernbah's IG Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T