ဘာမှမရှိလို့ မျှစ်ကိုသာ ပြုတ်စားနေရပြီး စားဝတ်နေရေးခက်ခဲနေချိန် အလှူရှင်တွေ ရောက်လာလို့ ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်များ

//s9.kh1.co/e4/e40d06df7b480e17fb373a799c459eed0f524b7c.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဘာမှမရှိလို့ မျှစ်ကိုသာ ပြုတ်စားနေရပြီး စားဝတ်နေရေးခက်ခဲနေချိန် အလှူရှင်တွေ ရောက်လာလို့ ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ဘေးရှောင်များ

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာ​ကြောင့် ဒေသခံပြည်သူတွေဟာလည်း ဘေးလွတ်ရာနေရာတွေမှာ စစ်ဘေးရှောင်နေခဲ့ရပါတယ်။ ယခုလိုအခြေအနေဆိုးရွားတဲ့ ကာလကြီးမှာ စစ်ဘေးရှောင်နေရတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲ၊ မိုးမလုံမခြုံစွာ နေထိုင်နေရတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းတဲ့ အလှူရှင်တွေလည်း ရှိပေမယ့် စီးပွားရေးအဆင်မပြေမှုတွေ၊ ဖမ်းဆီးမှုတွေကြောင့် လှူဒါန်းပေးတဲ့ အလှူရှင်တွေ နည်းပါးလျက်ရှိနေပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ ကမ်းလင့်လက်များလူမှုကူညီရေးအသင်းဟာ ကျောက်မဲမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းရှိ ပြည်သူတွေထံ အခြေခံစားသောက်ကုန်တွေ၊ စားသောက်ဖွယ်ရာတွေကို အလှူရှင်တွေကိုယ်စား လိုက်လံလှူဒါန်းပေးခဲ့ပါတယ်။ အလှူရှင်တွေနည်းပါးတာမို့ ဘာမှမရှိဘဲ မျှစ်ပြုတ်ကိုသာ စားနေရချိန် ယခုလိုလာရောက်လှူဒါန်းတာကြောင့် စစ်ဘေးရှောင်တွေဟာ ဝမ်းသာပျော်ရွှင်နေကြပါတယ်။ အရင်က စားရေးသောက်ရေးခက်ခဲပေမယ့် ယခုမှာတော့ လှူဒါန်းမှုတွေကြောင့် ဝမ်းရေးအဆင်ပြေသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စားဝတ်နေရေးခက်ခဲနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို အဆင်ပြေအောင် အစစအရာရာလှူဒါန်းပေးခဲ့တဲ့ အဆိုပါအလှူရှင်တွေကို ပြည်သူတွေက ကျေးဇူးတင်စကားတွေ ပြောဆိုနေကြပါတယ်။ နာမွန်း စစ်‌ဘေးရှောင်စခန်း၊ ပြိန်းခါး စစ်ဘေးရှောင်စခန်း၊ မိုင်းတင်းစစ်ဘေးရှောင်စခန်း၊ မန်ခါမန်ကျောင်း စစ်ဘေးရှောင်စခန်းမှာနေထိုင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို ယခုလိုသွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကျောက်မဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဝမ်းရေးအဆင်ပြေအောင် လိုက်လံလှူဒါန်းပေးနေတဲ့ ပရဟိတသမားတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T