လက်ဦးဆရာ ဦးကျော်ဟိန်းနဲ့အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ရိုက်ကွင်းပုံရိပ်ဟောင်းတွေကို သတိတရနဲ့ ဝေမျှလာတဲ့ ခွန်းဆင့်နေခြည်

//s9.kh1.co/17/176db2dae2c811b065476a4dd116b44328e79a42.png
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

ဝါရင့်သရုပ်ဆောင်ဦးကျော်ဟိန်းဟာ အနုပညာလောကရဲ့အတောက်ပဆုံးကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့ပြီး သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေဟာလည်း လက်ရှိအချိန်ထိ ပရိသတ်တွေအားပေးမှုကိုရနေဆဲပါပဲ။ သူ့ခေတ်သူ့အခါက အနုပညာရှင်တော်တော်များများရဲ့ လက်ဦးဆရာဖြစ်ခဲ့ဖူးတဲ့ ဦးကျော်ဟိန်းဟာ လူသေသွားပေမယ့် နာမည်မသေဘဲ သူလုပ်ခဲ့တဲ့ အနုပညာတွေဟာလည်း လက်ရှိအချိန်ထိ တောက်ပနေဆဲပါပဲ။ အသက်ဝင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေဟာ ကြည့်ရှုသူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။

Photo Credit - Khun Sint Nay Chi's FB Acc

အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခွန်းဆင့်နေခြည်ဟာလည်း ဦးကျော်နဲ့အတူသရုပ်ဆောင်ခဲ့ဖူးတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းပုံရိပ်တစ်ချို့ကို သူမရဲ့လူမှုကွန်ယက်မှာဝေမျှခဲ့ပြီး ဘယ်တော့မှ မမေ့ဘူးဆိုတဲ့အကြောင်း ပြောလာခဲ့ပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပေါ်ဆွဲတင်ပေးပြီး လိုအပ်တာတွေသင်ကြားပေးတဲ့ လက်ဦးဆရာဦးကျော်ကို သူမက ယနေ့ထက်တိုင်သတိရနေဆဲပါပဲ။ နှစ်ယောက်လုံးရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေဟာ ပုံရိပ်တွေမှာ အထင်းသားပါပဲ။

Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc

ဇာတ်ကားပေါင်းများစွာကို ပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ဦးကျော်နဲ့ ဦးကျော်ရဲ့ သင်ပြမှုကြောင့် အကောင်းဆုံးဟန်ပန်တွေကို ပုံဖော်နိုင်ခဲ့တဲ့ ခွန်းဆင့်တို့ရဲ့ ပူးတွဲသရုပ်ဆောင်မှုဟာ အသက်ဝင်လွန်းနေခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်လာပြီး နောက်ပိုင်းမှာ တရားဓမ္မနဲ့ပဲ အသက်သေဆုံးတဲ့အထိ မွေ့လျော်သွားတဲ့ဦးကျော်ဟာ ကောင်းမွန်ရာဘုံဘဝတစ်ခုမှာ အေးချမ်းနေမှာပါ။

Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc
Photo Credit - Khun Sint Nay Chi's FB Acc

သတင်း အရင်းအမြစ်Khun Sint Nay Chi's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T