လက်ရှိအချိန်မှာ PDF ရဲဘော်တွေအတွက် လိုအပ်မှုတွေများစွာရှိနေပြီး အခုလိုမိုးသည်းထန်စွာရွာနေတဲ့ အချိန်ကာလတွေမှာလည်း အစစအရာရာခက်ခဲပင်ပန်းနေကြတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း အာဏာရှင်ကိုကြိုးစားတော်လှန်ဖို့အတွက် တောထဲရောက်ရှိနေကြတဲ့ PDF လူငယ်လေးတွေဟာ အစားအသောက်နေထိုင်ရေးတွေသာမက ရေသောက်ဖို့တောင် ခက်ခဲနေကြတာ တွေ့ရပါတယ်။
သင်တန်းဆင်း PDF လူငယ်လေးတွေဟာ ရဲဘော်တစ်ယောက်အတွက် လိုအပ်တဲ့ တစ်ကိုယ်ရည်တစ်ကိုယ်စာ ပစ္စည်းလေးတွေတောင် စုံစုံလင်လင်မရှိတာကြောင့် အလှူငွေတွေ အမှန်တကယ်လိုအပ်နေကြတာ ဖြစ်ပါတယ်။ တောထဲမှာ စားဝတ်နေရေးအပြင် ရေတောင်တော်တော် ဝေးဝေးနေရာမှာ ဆင်းခပ်နေရပြီး ဒီထက် အခြေအနေဆိုးတဲ့ အကြောင်းအရာတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။
အခုလို ခက်ခဲလွန်းနေတာကြောင့် ပြည်သူတွေဆီ အကူအညီတောင်းရတာဖြစ်တဲ့အကြောင်းကို မြေပြင်မှာရောက်ရှိနေတဲ့ PDF အမျိုးသမီးရဲဘော်တစ်ဦးက ပြောပြလာတာ ဖြစ်ပါတယ်။ ထို့ကြောင့် ပြည်သူတွေအနေနဲ့ ၅၀/ ၁၀၀ က စ တတ်နိုင်သလောက် ပါဝင်ပေးကြဖို့ တိုက်တွန်းရင်း ပြည်သူ့အကျိုးပြုနေကြတဲ့ သူရဲကောင်းရဲဘော်တွေအားလုံး ဘေးကင်းကြစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။
သတင်း အရင်းအမြစ်៖ Hmue's Fb Acc