တစ်ရက်လောက်ပဲ ဟင်းကောင်းလေးစားရတဲ့အချိန်ကို အမြဲတမ်းအမှတ်တရဖြစ်နေအောင် ဗီဒီယိုမှတ်တမ်းယူခဲ့တဲ့ PDF လူငယ်လေး

//s9.kh1.co/ad/ad7f45867045fe4ced15922d4de9dbf8ba10168e.png
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

...

အမြဲတမ်းဒုက္ခခံပြီး တောထဲမှာပင်ပင်ပန်းပန်း ဖြတ်သန်းနေရတဲ့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ဘဝဟာ ခက်ခဲလွန်းပါတယ်။ မတရားမှုတစ်ခုကို ခေါင်းငုံ့မခံချင်တဲ့ ရဲရဲတောက် စိတ်ဓာတ်နဲ့ တောထဲဝင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ရင်ဆိုင်ရတာတွေဟာ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ မိဘအရိပ်မှာ အစစအရာရာ အဆင်သင့်ဖြစ်ခဲ့တဲ့ ဘဝတွေကနေ ပင်ပန်းလွန်းတဲ့ အခြေအနေဆိုးတွေကိုဖြတ်သန်းရတဲ့အခါမှာလည်း မညီးညူဘဲ အကောင်းဆုံးလုပ်ရပ်တွေနဲ့ ပြည်သူ့အောင်ပွဲကို ယူဆောင်ပေးဖို့ကြိုးစားနေခဲ့ကြပါတယ်။

Photo Credit - ဗိုလ်နဂါး's FB Acc
Photo Credit - ဗိုလ်နဂါး's FB Acc

တောထဲမှာနေရတာဖြစ်လို့ ဟင်းကောင်းတစ်ခွက်စားရဖို့ဆိုတာ သူတို့အတွက်တော့ မလွယ်ကူပါဘူး။ စေတနာရှင်တွေရဲ့ကူညီပေးမှုကြောင့် ငွေကြေးလက်ထဲရှိလာရင်တောင် ဝယ်စားဖို့က အဆင်မပြေနိုင်တဲ့ ဘဝတွေပါ။ ဒီနေ့မှာလည်း PDF လူငယ်လေးတစ်ယောက်ဟာ အသီးအရွက်တွေစုပေါင်းပြီးကြော်နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ သူတို့အတွက်ဟင်းကောင်းဆိုတာဟာ မြို့ပေါ်နေသူတွေအတွက် အရံဟင်းသာသာ သဘောမျိုးပဲမို့ ကြည့်ရှုသူတွေဟာ ဒီဗီဒီယိုလေးကိုကြည့်ပြီး ဂရုဏာသက်ကာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

 အမြဲတမ်းဖြစ်သလိုစားနေရတဲ့အခြေအနေမှာ ဒီဟင်းလေးတစ်ခွက်စားရတာကိုက သူတို့အတွက် အရမ်းကိုအဖိုးတန်နေသလိုဖြစ်နေခဲ့တာပါ။ စစ်ပညာတွေကို ကြိုးစားသင်ယူသလို ကိုယ့်ဝမ်းစာ အတွက်လည်း အာဟာရပြည့်အောင် ကြိုးစားနေရတဲ့ PDF လူငယ်လေးတွေကို ဒီထက်ပိုပြီး အများကြီးထောက်ပံ့ပေးသင့်ပါတယ်။ ပင်ပန်းဆင်ရဲမှုတွေနဲ့ ရင်ဆိုင်ရပေမယ့် အာဏာရှင်ကို အမြစ်ပြတ်အောင်တွန်းလှန်မယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ပေးဆပ်နေကြတဲ့ သူရဲကောင်းလေးတွေဟာ လေးစားထိုက်သူတွေပါ။

သတင်း အရင်းအမြစ်ဗိုလ်နဂါး's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T