ပြည်သူတွေ ဝိုင်းဝန်း လှူဒါန်းပေးမှုနဲ့ အသားဟင်းတစ်ခွက်ကို မြိန်ရေရှက်ရေ စားရလို့ ကျေးဇူးတင်စကားတွေ ဆိုလာတဲ့ PDF ရဲဘော်များ

//s9.kh1.co/5a/5af5ee3c2daaa618f9781c8d0b71e9820b55aa96.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

နိုင်ငံရေး အခြေအနေတွေကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို လိုချင်ကြတဲ့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ လှုပ်ရှားမှုတွေကို ယနေ့အထိ လုပ်ဆောင်နေကြဆဲပါ ။ ကောင်းမွန်တဲ့ ဘဝတွေကို စွန့်ပြီး လွတ်မြောက်နယ်မြေမှာ တော်လှန်ရေး အတွက် စစ်ပညာသင်ကြားနေကြတဲ့ ရဲဘော်တွေဆိုရင်လည်း အခက်အခဲတွေကြားကနေ အားမလျော့ဘဲ အစွမ်းကုန် အားတင်းကာ ပန်းတိုင်ကို လျှောက်လှမ်းနေကြပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒီလို လွတ်မြောက်နယ်မြေ စခန်းတွေထဲ ရောက်နေကြတဲ့ သူတို့အနေနဲ့လည်း မိုးတွင်းကာလလည်း ဖြစ်တာကြောင့် တောတောင်ထဲမှာ အအေးဒဏ်ကို အံတုပြီး အဆင်ပြေသလို နေနေကြရတယ်လို့ သိရပါတယ် ။ အစားအသောက်ဆိုရင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီမှာ သင်တန်းတက်နေရတဲ့ သင်တန်းသား ရှိသမျှ အကုန်လုံးကို နေ့တိုင်းအသားဟင်းနဲ့  ကျွေးဖို့မဖြစ်နိုင်တာကြောင့် ဆန်ပြုတ်သောက်ရတဲ့ နေ့တွေ များကြောင်း သိရပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒါ့ကြောင့်လည်း ပြည်မက ပြည်သူတွေက သူတို့တွေ အတွက် နည်းမျိုးစုံ သုံးကာ လှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြတာပါ ။ အခုလည်း ပြည်သူတွေ လှူဒါန်းပေးမှုတွေကြောင့် အသားဟင်း တစ်ခွက်ကို မြိန်ရေရှက်ရေ စားရလို့ ကျေးဇူးတင်ကာ ပြုံးပျော်ပီတိဖြစ်နေကြတဲ့ ရဲဘော်တွေရဲ့ ပုံရိပ်တွေကို တွေ့ရပါတယ် ။ ဒါ့အပြင် ရဲဘော်တစ်ဦးကလည်း " အလှူရှင်များအားလုံးရဲ့ကျေးဇူးနဲ့ အသားဟင်းတစ်ခွက်ကို မြိန်ရေရှက်ရည် စားရတာဟာ အခုလိုအချိန်ကာလမှာ မိခင်ကိုယ်တိုင်ချက်ကျွေးတဲ့ နွေးထွေးမှုအပြည့်ပါတဲ့ ဟင်းတစ်ခွက်ကို စားရသလိုပါပဲ "ငါတို့ပြည်သူတွေက ငါတို့ကို ပစ်မထားဖူး " ဆိုတဲ့ စိတ်နဲ့ပေါ့။" ဆိုတဲ့ ရင်တွင်းခံစားချက်လေးကိုလည်း ဖော်ပြထားရာ ဖတ်ပြီး ထပ်တူ ပီတိဖြစ်မိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T