မိသားစုနဲ့ဝေးကွာနေချိန်ဖြစ်လို့ ဖခင်ရဲ့မွေးနေ့မှာ အရင်တုန်းကအမှတ်တရပုံလေးတွေနဲ့ပဲ အဝေးကနေ ရိုသေစွာလှမ်းကန်တော့လိုက်တဲ့ R ဇာနည်

//s9.kh1.co/b5/b5704d3332d0bc5e4f7f0aa000ebdfb72f74639b.jpeg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မိသားစုနဲ့ဝေးကွာနေချိန်ဖြစ်လို့ ဖခင်ရဲ့မွေးနေ့မှာ အရင်တုန်းကအမှတ်တရပုံလေးတွေနဲ့ပဲ အဝေးကနေ ရိုသေစွာလှမ်းကန်တော့လိုက်တဲ့ R ဇာနည်

အဆိုတော် R ဇာနည်ကတော့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ဦးဖြစ်လို့ သူ့ရဲ့လုံခြုံရေးအတွက် အခုချိန်မှာရှောင်တိမ်းနေထိုင်နေရတာပဲဖြစ်ပါတယ်။Rဇာနည်က ချစ်ရတဲ့သားသမီးလေးတွေနဲ့ ခွဲခွါနေရတာကြောင့် ပရိသတ်တွေကလည်း မိသားစုတွေအမြန်ပြန်ဆုံဆည်းဖို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။Rဇာနည်ရဲ့ ချစ်ဇနီးလေးဝမ်းကလည်း ခင်ပွန်းဖြစ်သူနဲ့စိတ်တူကိုယ်တူရှိတာကြောင့် ဘာကိုမှမကန့်ကွက်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 

ပြီးခဲ့တဲ့ စနေနေ့ကဆိုရင်တော့ R ဇာနည်က သူ့ရဲ့ဖခင်အတွက် မွေးနေ့ဆုတောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။သားလိမ္မာတစ်ယောက်ဖြစ်တဲ့ Rဇာနည်က မိခင်နဲ့ဖခင်ကို အမြဲစိတ်ချမ်းသာအောင်ထားပေးပြီး အမှတ်တရနေ့တွေကိုလည်း သတိတရရှိနေတတ်ပါတယ်။အရင်နှစ်တွေတုန်းကဆိုရင် Rဇာနည်တို့က မိသားစုဝင်တိုင်းရဲ့မွေးနေ့တွေမှာကုသိုလ်ကောင်းမှူတွေနဲ့ ဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 

ဒီနှစ်မှာတော့ မိသားစုရဲ့အနားမှာမရှိလို့ Rဇာနည်က အဝေးကနေပဲ ဖခင်ဖြစ်သူကို သတိတရနဲ့ ရိုသေစွာကန်တော့ခဲ့တာဖြစ်ပါတယ်။R ဇာနည်ကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိခဲ့တာဖြစ်လို့ အခုချိန်မှာ မိသားစုနဲ့ဝေးကွာနေရတာပဲဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်သူတွေလည်း Rဇာနည်ရဲ့စိတ်ဓာတ်ကိုလေးစားကြပြီး သူတို့မိသားစု အမြန်ဆုံးပြန်လည်ဆုံဆည်းကြပါစေလို့ ဆုတောင်းပေးနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 
Photo Credit:Zarni Myonyunt’s Facebook Acc 

Source&Photo Credit:Zarni Myonyunt’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T