ဖက်ရွက်ပေါ်မှာထမင်းပုံပြီး ရှူးရှဲလက်ဖက်ထုပ်ကို ဟင်းလုပ်ကာစားနေရပေမယ့် ထမင်းစားခါနီးတိုင်း သစ္စာဆိုကြတဲ့ PDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/85/85d4472c33deb0500e3bcf237e3bc911eef60ae2.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဖက်ရွက်ပေါ်မှာထမင်းပုံပြီး ရှူးရှဲလက်ဖက်ထုပ်ကို ဟင်းလုပ်ကာစားနေရပေမယ့် ထမင်းစားခါနီးတိုင်း သစ္စာဆိုကြတဲ့ PDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

အာဏာရှင်ကိုတော်လှန်ဖို့ PDF တပ်ဖွဲ့တွေထဲကို ဝင်ရောက်ခဲ့တဲ့ လူငယ်တွေအနေနဲ့ အခက်အခဲ၊အတားအဆီးများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရတာ ဖြစ်ပါတယ် ။ စစ်ပညာသင်ကြားနေတဲ့ ပြည်သူ့ရဲဘော်တွေဖြစ်ပေမယ့်လည်း လက်နက်အင်အား အပြည့်အစုံမရှိတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ် ။ဒါကြောင့် တစ်ချို့ရဲဘော်တွေက သူတို့အတွက် စွန့်စားရမှာမှန်းသိရက်နဲ့တောင် အလှူခံနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း တောထဲက PDF လူငယ်တစ်ဦးက သူတို့ဆီမှာ တကယ်အခက်အခဲဖြစ်နေတာကြောင့် တပ်ရင်းမှူးရဲ့ခွင့်ပြုချက်ကိုယူပြီး မဖြစ်မနေ အလှူခံလာရတာ ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် သူတို့အနေနဲ့ လက်နက်တွေလိုအပ်နေသလို သွားရေးလာရေးအတွက်လည်း ထော်လာဂျီတစ်စီးကိုသာ အားကိုးအားထားပြုပြီး သွားနေရလို့ လမ်းခရီးမတွင်ကျယ်ဘဲ ဖြစ်နေရတာ ဖြစ်ပါတယ် ။ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရပေမယ့်လည်း ရဲဘော်တွေက အားမလျှော့ဘဲ ရှိတာလေးနဲ့ အစွမ်းကုန်လေ့ကျင့်နေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် သူတို့က ဖက်ရွက်ပေါ်မှာ ထမင်းပုံပြီး ရှူးရှဲလက်ဖက်ထုပ်လေးကို ဟင်းလုပ်ကာ စားနေရတာလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း PDF လူငယ်လေးတွေက ထမင်းစားခါနီးတိုင်း ပြည်သူအပေါ် သစ္စာစောင့်သိတဲ့အနေနဲ့ ထမင်းသစ္စာဆိုပြီးမှသာ စားကြတာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေဘက်ကလည်း အခုလိုမျိုး ဆင်းရဲဒုက္ခခံပြီး တိုင်းပြည်အတွက် ကြိုးစားပေးနေတဲ့ ပြည်သူ့ရဲဘော်တွေကို နိုင်သလောက်လေး ထောက်ပံ့ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။ တောထဲမှာဖြတ်သန်းနေရတဲ့ ပြည်သူ့ရဲဘော်တွေရဲ့အခြေအနေကို ဖော်ပြပေးလိုက်ရပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T