ရေဝေး သုသာန် မှာ ရက်ရက်စက်စက် စွန့်ပစ်ခံထားရပြီး ပုရွက်ဆိတ်တွေလည်း ကိုက်ခံထားရတဲ့ လသား ကလေးငယ်လေးတစ်ဦး

//s9.kh1.co/0d/0de0454348bd71bd0fd228b797ecae0cf8f51649.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.....

လောကမှာ ကိုယ့်သားသမီးကို အသက်ထက် ချစ်ကြတဲ့ မိဘတွေ အများကြီး ရှိသလို မွေးပြီးခါမှ အကြောင်းမျိုးစုံနဲ့ စွန့်ပစ်ရက်ကြတဲ့ သူတွေလည်း ရှိနေတာကို လူမှုကွန်ရက် စာမျက်နှာတွေ အထက်မှာ ခဏခဏ တွေ့ရပါတယ် ။ ဒီလို လူမဆန်တဲ့ လုပ်ရက်တွေက တကယ်ကို မလုပ်သင့် မလုပ်ထိုက်သလို  စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေ အတွက်လည်း အရမ်းကို အန္တရာယ် များလွန်းပါတယ် ။ 

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

မနေ့ကဆိုရင်လည်း ရေဝေး သုသာန် အထွက်နားမှာ လသား အရွယ် သားလေး တစ်ယောက်ကို ခြင်းနဲ့ အုပ်ပြီး စွန့်ပစ်ထားတဲ့ ပို့စ်တစ်ခုတွေ့ရပါတယ် ။ ကလေးကို မြေကြီးပေါ်မှာပဲ ချထားတာကြောင့် ပုရွက်ဆိတ်တွေလည်း ကိုက်နေတယ်လို့ သိရပါတယ် ။ ဒီလို နေရာမျိုးမှာ လာရောက်စွန့်ပစ် ခံထားရတဲ့ ကလေးငယ်ရဲ့ ပုံတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

Photo Credit : Khine Hnin Wai Facebook Page
Photo Credit : Khine Hnin Wai Facebook Page

ကလေးကို တွေ့လိုက်တဲ့ အနီးပတ်ဝန်းကျင်က ပြည်သူတွေကလည်း ဘာလုပ်ကိုင်ရမှန်းမသိတာကြောင့် စွန့်ပစ်ခံရတဲ့ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေဂေဟာကို ဆက်သွယ်ကာ အကူအညီတောင်းခဲ့တယ်လို့သိရပါတယ် ။ ခိုင်နှင်းဝေကလည်း ကလေးနဲ့ ပတ်သက်တာတွေကို စုံစမ်းပြီး ခေါ်ယူ စောင့်ရှောက်ပေးမယ်လို့လည်း သိရတာ ဝမ်းသာစရာပါပဲ ။ ကလေးလေးက ဖြူဥပြီး ချစ်စရာကောင်းနေတာ ပုံထဲမှာ တွေ့ရမှာပါ ။ ပရိသတ်ကြီးအတွက် ဒီသတင်းကို ဝေမျှပေးရင်း ကလေးလေးလည်း ကံကောင်းပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Khine Hnin Wai Facebook Page
Source & Photo Credit : Khine Hnin Wai Facebook Page
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T