ရာထူးဂုဏ်ထူးကို မမက်ပဲ PDF ထဲဝင်ကာ ပြည်သူအတွက်အကျိုးပြုရင်း တိုက်ပွဲအတွင်း သေစေလောက်တဲ့အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ ကိုတင်မိုးဟိန်း

//s9.kh1.co/08/08b26f8ca9e8d7bef526231083e82b523d04564f.jpeg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

..

ရန်ကုန် သူနာပြုတက္ကသိုလ်ကျောင်းမှ မီးအိမ်ရှင်ကြယ်တစ်ပွင့်ဖြစ်တဲ့ ကိုတင်မိုးဟိန်းကတော့ စက်တင်ဘာလ(၅)ရက်နေ့က တိုက်ပွဲအတွင်းအပြင်းအထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ သူနာပြုဆိုတဲ့ ရာထူးဂုဏ်ကို မမက်ဘဲ PDF ထဲဝင်ကာ ပြည်သူ့အတွက် အကျိုးပြုခဲ့သူတစ်ဦးဖြစ်တဲ့ ကိုတင်မိုးဟိန်းဟာ အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ရင်း မြဝတီတိုက်ပွဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

တိုက်ပွဲအတွင်း သေဆုံးသွားပြီဆိုပြီး သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပေမယ့် လောလောဆယ်မှာတော့ အသက်အန္တရာယ်စိုးရိမ်ရပြီး စောင့်ကြည့်အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။လူမှုကွန်ယက်စာမျက်နှာမှာ သူနာပြုဆရာတဦး ကျဆုံးသည့်သတင်း ထွက်ပေါ်ပြီးနောက် ဆက်လက်အတည်ပြုရာမှ မြေပြင်အတူရှိ ရဲဘော်တစ်ဦးက အဖြစ်မှန်တွေကို ဖွင့်ဟပြောပြလာပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ရှေ့တန်းဆရာဝန်ရဲ့ ပြောဆိုပုံအရ  လက်ရှိမှာတော့ ကိုတင်မိုးဟိန်းဟာ အသက်ရှင်လျက်ရှိနေပြီး အပြင်းအထန် ဒဏ်ရာရရှိထားတာကြောင့် အခြေအနေကို စောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ အခြေအနေကောင်းအောင် အကောင်းဆုံးကြိုးစားနေတာကြောင့် လူနာအခြေအနေ​ကို ဆက်ပြီးပြောပြပေးပါမယ်ဆိုပြီးတော့လည်း ပြောပြထားတာ တွေ့ရပါတယ်။ ပြည်သူတွေအတွက် အဖိုးတန်တဲ့အသက်တစ်ချောင်း ထပ်မံမကြွေလွင့်စေဖို့ စိတ်ပူနေကြပြီး ကိုတင်မိုးဟိန်းတစ်ယောက် အမြန်ဆုံးပြန်လည်နေကောင်း ကျန်းမာလာစေဖို့ မျှော်လင့် ဆုတောင်းလိုက်ပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T