ရေတွင်းပျက်ထဲ ပြုတ်ကျသွားတဲ့ နွားတစ်ကောင်ကို အင်အားများစွာသုံးပြီး ခက်ခက်ခဲခဲကယ်ထုတ်ပေးနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

//s9.kh1.co/b1/b17ee7c8fe75709da4b0fa3eadae85fecbdd4084.jpg
နေ့စဉ်သတင်းများ

 ၀၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရေတွင်းပျက်ထဲ ပြုတ်ကျသွားတဲ့ နွားတစ်ကောင်ကို အင်အားများစွာသုံးပြီး ခက်ခက်ခဲခဲကယ်ထုတ်ပေးနေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်များ

မြန်မာပြည်သူတွေက ယခုနောက်ပိုင်းမှသာ ရေတုံကင်တွေကို အသုံးပြုကြတာဖြစ်ပြီး အရင်တုန်းကတော့ နယ်ဘက်တွေမှာ ရေတွင်းတွေ တူးဖော်ကာ ရေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ရေတွင်းဘေးပတ်လည်မှာ အကာအရံတွေထားရှိတဲ့ ပြည်သူတွေလည်းရှိသလို ဘာမှမကာရံထားဘဲ အသုံးပြုတဲ့ ပြည်သူတွေလည်း ရှိနေကာ ရေတွင်းတွေထဲ လူပြုတ်ကျမှုတွေ၊တိရစ္ဆာန်ပြုတ်ကျမှုတွေလည်း ရှိနေခဲ့ပါတယ်။ စက်တင်ဘာလ(၅)ရက်နေ့ မနေ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နွားတစ်ကောင်ဟာ ရေတွင်းထဲ ပြုတ်ကျသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အမှတ်(၁)ရပ်ကွက်၊ MECတယ်လီဖုန်းတာဝါတိုင်အဆောက်အဦဘေးက အလျား(၃)ပေ၊ အနံ(၃)ပေ၊ အနက်(၈)ပေခန့်ရှိ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့တာဖြစ်ပြီး အဆိုပါရေတွင်းဟာ လူတွေအသုံးပြုတော့ခြင်းမရှိတဲ့ ရေတွင်းပျက်တစ်ခုပဲ ဖြစ်ပါတယ်။ ရေတွင်းပျက်ထဲ ပြုတ်ကျနေတဲ့ နွားတစ်ကောင်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက ခက်ခက်ခဲခဲ ကြိုးတွေနဲ့ ဆွဲတင်ပြီး မရရအောင် ကယ်ထုတ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အင်အားများစွာသုံးပြီး မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားပေးမှုကြောင့် ရေတွင်းထဲပြုတ်ကျနေတဲ့ နွားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုလိုအသက်တစ်ချောင်းကို တန်ဖိုးထားပြီး ဂရုဏာထားကာ ကယ်တင်ပေးတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ချီးကျူးနေကြပါတယ်။ မြင်းမူမြို့နယ်မီးသတ်စခန်းကတော့ မီးသတ်ယာဉ်(၁)စီး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်(၈)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပြုတ်ကျနေတဲ့ နွားအားအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ရေတွင်းပျက်တွေကို ပြန်မဖို့ရင် ယခုဖြစ်ရပ်လို လူတွေ၊တိရစ္ဆာန်တွေ ပြုတ်ကျသွားနိုင်တာမို့ အသုံးမပြုတော့တဲ့ ရေတွင်းပျက်တွေကို မြေဖို့ကြဖို့ ပြည်သူအချင်းချင်း တိုက်တွန်းနေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T