သရုပ်ဆောင်ဦးချစ်စရာ အောက်ဆီဂျင်ကျလာလို့ အောက်ဆီဂျင်အိုးတွေငှါးပေးပြီး ကိုယ်တိုင်သွားရောက်ဂရုစိုက်ပေးနေတဲ့ ဝေဠုကျော်

//s9.kh1.co/17/17737fbd911100f0bb043de2ae3a87e30d84eee6.jpeg
အနုပညာရှင်များ

 ၀၆-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သရုပ်ဆောင်ဦးချစ်စရာ အောက်ဆီဂျင်ကျလာလို့ အောက်ဆီဂျင်အိုးတွေငှါးပေးပြီး ကိုယ်တိုင်သွားရောက်ဂရုစိုက်ပေးနေတဲ့ ဝေဠုကျော်

မင်းသားဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ထားပြီး အလှူရှင်တွေရဲ့ စေတနာနဲ့ လိုအပ်သူတွေကို ဖေးမကူညီပေးနေတာပဲဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းမှ အခုကိုဗစ်တတိယလှိုင်းမှာလည်း လူနာတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်တွေကို ကူညီပေးနေပြီး ဘယ်အချိန်မဆို ပြည်သူတွေအတွက် အမြဲအသင့်ရှိပေးနေတာဖြစ်ပါတယ်။လတ်တလောမှာတော့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းမှ အောက်ဆီဂျင်လိုအပ်နေတဲ့နယ်မြို့နဲ့ရွာတွေဆီကို စတင်ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page

ဒါ့အပြင် ဝေဠုကျော်က ရန်ကုန်မှာရှိတဲ့အနုပညာလောကသားတချို့ကိုလည်း တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။စက်တင်ဘာလ (၅)ရက်နေ့ကဆိုရင်တော့ ဟာသသရုပ်ဆောင်ဦးချစ်စရာက အောက်ဆီဂျင်လိုအပ်နေတာကြောင့် ဝေဠုကျော်ကိုယ်တိုင် သွားရောက်ကူညီပေးခဲ့ပါတယ်။ဦးချစ်စရာကို အောက်ဆီဂျင်လည်းကိုယ်တိုင်တိုင်းပေးပြီး 50 L နဲ့ 15 L  လေအပြည့်အိုးနှစ်လုံး ကို ငှါးရမ်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်ကတော့ ဦးချစ်စရာကို အားပေးစကားလည်းပြောဆိုခဲ့တဲ့အပြင် အမြန်ဆုံးသက်သာပျောက်ကင်းအောင် တတ်နိုင်သလောက်ကူညီပေးခဲ့တာဖြစ်ပါတယ်။ဝေဠုကျော်တို့အဖွဲ့မှလည်း အခုချိန်မှာ ဘယ်သူ့ကိုမဆိုစေတနာအပြည့်နဲ့ ကူညီပေးကြလို့ လေးစားဖို့ကောင်းလှပါတယ်။ပရိသတ်တွေကို ဟာသတွေနဲ့ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဦးချစ်စရာလည်း အမြန်ဆုံးသက်သာပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page
Photo Credit:Wai Lu Kyaw Foundation’s Fb page

Source&Photo Credit:Wai Lu Kyaw Foundation’s Fb page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T