မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေလျှံလာတဲ့ တံတားကိုဖြတ်ရင်း ရေစီးဖြင့်ပါသွားခဲ့တဲ့ ကားတစ်စီးရဲ့ ထိပ်လန့်ဖွယ် ရုပ်သံဖိုင်

//s9.kh1.co/b2/b2f06ef1baa957318fd9715570b6b58d8ebf5e6c.jpg
နေ့စဉ်သတင်းများ

 ၀၅-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တံတားကိုဖြတ်ကူးနေစဥ်အတွင်း ရေစီးဖြင့်ပါသွားခဲ့သည့် ကားတစ်စီးရဲ့ ရုပ်သံဖိုင်တစ်ခုဟာ လတ်တလော လူမှုကွန်ယက်မှာ ပျံနှံ့လာခဲ့တာတွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ စတင်ဘာလ (၃)ရက်နေ့က မလေးရှားနိုင်ငံ ဆာဘားပြည်နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရုတ်တရက် ရေကြီးရေလျှံမှုတွေကြောင့် တံတားဖြတ်ကူးတဲ့ ကားတစ်စီးဟာ ရေစီးဖြင့် ချောင်းထဲပါသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA

ရေထဲပါသွားတဲ့ ကားကိုတော့ ဒေသခံပြည်သူများနဲ့ ကယ်ဆယ်ရေးသမားတွေက လိုက်လံရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စတင်ဘာလ(၄)ရက်နေ့ မနက်ပိုင်းမှာတော့ (၁)နာရီလောက်ရှာဖွေမှု လုပ်ဆောင်ခဲ့ပြီးနောက် ရေစီးဖြင့်ပါသွားခဲ့တဲ့နေရာကနေ မီတာ(၂၀၀)လောက်မှာ အဆိုပါကားကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းများက ဖော်ပြခဲ့ပါတယ်။

Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA
Photo Credit - IN SEMASA

ကားပေါ်ပါသွားသူ အသက်(၆၈)နှစ် ယာဉ်မောင်း Simon Sanga Tupe နဲ့ အသက်(၃၀)နှစ်အရွယ် Juning Matonga တို့နှစ်ဦးလုံးကတော့ ကားထဲပိတ်မိပြီး သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းများကိုတော့ ရှာဖွေကယ်ဆယ်ရေးသမားတွေက အာဏာပိုင်တွေကို လွှဲပြောင်းပေးခဲ့ကြောင်း ဖော်ပြထား​ပါတယ်။ ဒီရုပ်သံဖိုင်ဟာ မလေးရှားနိုင်ငံမှာ ကြည့်ရှုသူများခဲ့ပြီး ပြည်သူတွေကတော့ သေဆုံးသူတွေအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

သတင်း အရင်းအမြစ်Source - N SEMASA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T