ဖခင်ဖြစ်သူကိုယ်တိုင် ၃လအရွယ် သမီးလေးကို ရောင်းစားပြီး ဆိုင်ကယ်နဲ့ဖုန်းတစ်လုံး၀ယ်ယူခဲ့တဲ့ အိန္ဒိယနိုင်ငံက ဖြစ်ရပ်

//s9.kh1.co/19/19def8d1e575d1f816a52598ff96751ac84990c5.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယက ပြည်နယ်အမျိုးသမီးများနှင့်ကလေးစောင့်ရှောက်ရေးဌာနအရာရှိများရဲ့ ပြောဆိုချက်အရ သုံးလအရွယ်မိန်းကလေးတစ်ဦးကို အဖေဖြစ်သူက ရောင်းစားခဲ့တာကို ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဖေဖြစ်သူမှာ လယ်သမားတစ်ယောက်ဖြစ်ပြီး သူဟာ သူ့ရဲ့ကလေးကို ကလေးမရှိတဲ့ လင်မယား ဆိကို ရူပီး ၁ သိန်း နဲ့ ရောင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ Karnataka, Chikkaballapur ရှိ Tinakal ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဖေဖြစ်သူလယ်သမားမှာ ထွက်ပြေးသွားပြီး အမေဖြစ်သူကိုတော့ ဖမ်းဆီးထားပါတယ်။ မိဘများက သူမကိုမွေးဖွားချိန်တုန်းကလည်း Bengaluru မှာ ရောင်းရန်ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးရုံအာဏာပိုင်တွေက သူတို့ရဲ့အစီအစဉ် မအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/b3/b3f9a8d8d91be1091b07b029f8aed8c01560a044.jpg

ဒါပေမယ့် သူတို့ရဲ့ရည်ရွယ်ချက်တွေအကြောင်းသိတဲ့လူတစ်ယောက်က အိမ်နီးချင်းရွာက ကလေးမရှိတဲ့စုံတွဲတစ်တွဲအတွက် သဘောတူညီချက်တစ်ခုကို ညှိနှိုင်းခဲ့ပါတယ်။ ကလေးငယ်ကို ရောင်းပြီးနောက် အဖေဖြစ်သူ လယ်သမားဟာ အသုံးစရိတ်အလျှံပယ်ထွက်ခဲ့ပါတယ်။ သူဟာ မိုဘိုင်းလ်ဖုန်းတစ်ခုကို ရူပီး ၁၅၀၀၀ နှင့်ဆိုင်ကယ်တစ်စီးကို ရူပီး ၅၀၀၀၀ ဖြင့် ၀ယ်ခဲ့ပါတယ်။ ဒါနဲ့အိမ်နီးနားချင်းတွေကလည်း ဆင်းရဲတဲ့သူကနေ နေ့ချင်းညချင်း ခုလိုဖြစ်သွားတာကို သံသယရှိနေခဲ့ကြပါတယ်။ မကြာခင်မှာပဲ သူရဲ့ မွေးကင်းစကလေးပျောက်နေတာကို ရိပ်မိခဲ့ကြပါတယ်။ အိမ်နီးနားချင်းတွေကလည်း ရဲကိုအကြောင်းကြားကာ မိန်းမဖြစ်သူကိုပါ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/4f/4f3bd3220afb613835ce33b1f9033d227d193e13.jpg

TOI ရဲ့ ပြောဆိုချက်အရ ကလေးငယ်ကို Maamachanahalli ရွာမှ ကလေးမရှိတဲ့စုံတွဲတစ်တွဲထံ ရောင်းချခဲ့တာကို သိရှိခဲ့ကြပါတယ်။ တာဝန်ရှိသူများက ကလေးကိုကယ်တင်ခဲ့ပြီး ကလေးမလေးကို ခရိုင်ရှိ မွေးစားရေးစင်တာသို့ လွှဲပြောင်းပေးခဲ့ကြပါတယ်။ တချိန်တည်းမှာပဲကယ်တင်ခံရတဲ့ ကလေးငယ်ရဲ့ အမေဟာ ခင်ပွန်းက သူမကို ခြိမ်းခြောက်တဲ့အတွက် သမီးလေးကိုရောင်းဖို့ သဘောတူခဲ့တယ်လို့ အာဏာပိုင်တွေကုိ အသနားခံခဲ့ပါတယ်။ ရဲတွေကလည်း ကလေးအဖေကို ဖမ်းဆီးဖို့ ကြိုးစားရှာဖွေနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/5f/5fdceb70c172dfc82bb2ad8e31bfc6bc8b425523.jpg
https://s9.kh1.co/__image/w=623,h=350,q=100/9e/9e79a3b8d37017da129ac8539917a401e2bf7557.jpg

သတင်း အရင်းအမြစ်Indian Today

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T