တိရစ္ဆာန်လေးတွေ မွေးတယ်ဆိုတာ အထီးကျန်ဆန်သူတွေ အတွက် အဖော်မွန်ကောင်းဖြစ်သလို တိရစ္ဆာန်ချစ်သူတွေအတွက်လည်း အဖော်မွန်ကောင်းပါပဲ။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ် စိတ်ညစ်နေသမျှကို သူတို့လေးတွေနဲ့ တွေ့လိုက်ရင် စိတ်ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေ ပိုင်ဆိုင်ဖူးကြမှာပါ။ အဲ့လို တိရစ္ဆာန်ချစ်သူလေးတွေထဲက ကြောင်ချစ်သူတွေအနေနဲ့လည်း ကြောင်တွေရဲ့ တုံ့ပြန်မှုကိုခံစားဖူးကြမှာပါ။ ဒါကြောင့်ပဲ ကြောင်လေးတွေအနေနဲ့ သူ့သခင်ကို ချစ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကြောင်လေးတွေဟာ သူတို့တကယ်ချစ်ရင် သူတို့ချစ်ကြောင်းပြသတတ်ပါတယ်။
(၁) ကြောင်လေးတွေဟာ လက်လေးကို ဖွဖွလေးကိုက်တာတို့ လူနဲ့ကစားရင်းနဲ့ လူကိုဖွဖွလေးကိုက်တတ်ပါတယ်။ နာကျင်အောင်တော့မကိုက်ပါဘူး၊ ငုံရုံလေးပဲငုံထားတာမျိုးပါ။
(၂) သင်ဘယ်သွားသွား အနောက်ကနေ တကောက်ကောက် လိုက်နေတက်ပြီး ချွဲတက်ပါတယ်။
(၃) သင့်ပေါင်ပေါ်မှာ ခွေခေါက်အိပ်နေတတ်တာမျိုး လုပ်တတ်ပါတယ်။
(၄) သင့်ကိုတွေ့ရင် အမြီးလေးထောင်ထားတာမျိုး လုပ်တတ်ပါတယ်။
(၅) ကြောင်လေးတွေနဲ့ မျက်လုံးချင်း ဆုံခဲ့ရင် သင်ဟာကံကောင်းလွန်းပါတယ်။ သူတို့ချစ်တဲ့သူကိုပဲသူတို့က မျက်လုံးချင်းဆုံအောင်ကြည့်တာပါ။ သင်ဟာကံကောင်းရင် သူတို့ရဲ့ အနမ်းတောင်ခံရနိုင်ပါတယ်။ မဖြစ်နိုင်ဘူးထင်ပေမယ့် တကယ်ပါ။
(၆) သူတို့မေးစေ့လေးကို ပွတ်ပေးရင် ငြိမ်ခံပြီး ဇိမ်ခံနေတတ်ပါတယ်။
(၇) သူတို့ရဲ့ ဗိုက်သားတွေကို ကိုင်ခွင့်ပေးရင်လည်း သင်ဟာ သူ့အတွက် အထူး စပါယ်ရှယ် လူပါပဲ။
(၈) သူတို့ခေါင်းလေးတွေနဲ့ သင့်ခေါင်းကို လာတိုက်တာတို့ ပွတ်တာတို့ဆိုရင် သင်ဟာ သူတို့ရဲ့ အချစ်ခံလူသားပါ။
(၉) သူတို့ချစ်တဲ့ သခင်တွေအတွက် ကြွက်လေးတွေ ငှက်လေးတွေ အကောင်လေးတွေသယ်လာတတ်ပါသေးတယ်။ ဒါကတော့ လေ့လာတွေ့ရှိချက်အရ ကြောင်တွေဟာ သူတို့ချစ်တဲ့ သခင်အပေါ် ပြုလုပ်တက်တဲ့ အကျင့်တွေပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ iheartcats