သေခြင်းတရားကို အံတုပြီး မဖြစ်နိုင်တဲ့အခြေအနေကနေ ပြန်လည်အသက်ရှင်ခဲ့တဲ့ Phineas Gage

//s9.kh1.co/a6/a6e14b8967aad86695c1ed820fd9a45b23344b31.png
ဗဟုသုတအဖြာဖြာ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်က အမေရိကန်နိုင်ငံမှာ ဆေးပညာလောကကို တုန်လှုပ်စေပြီး အရမ်းအသက်ပြင်းတဲ့ အမျိုးသားတစ်ယောက် ရှိခဲ့ပါတယ်။

သူ့ရဲ့နာမည်ကတော့ Phineas Gage ဖြစ်ပြီး သူဟာ မီးရထားသံလမ်း အလုပ်သမားတစ်ဦးပဲ ဖြစ်ပါတယ်။

1848 ခုနှစ်လောက်အရောက်မှာ Gage ဟာ ရထားလမ်းတို့ချဲ့ဖို့လုပ်ရာကနေ မတော်တဆပေါက်ကွဲမှု တစ်ခုဖြစ်ပြီး သူ့ရဲ့ ဦးခေါင်းထဲကို သုံးပေကျော်ရှည်တဲ့ သံချောင်းဖောက်ဝင်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=764,q=100/53/530ddc25072670dfad2c921e09768f35b31f3ba8.jpg

ဒီဖြစ်ရပ်ကြောင့်ပဲ Gage ဟာ မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရသလို ဦးနှောက်တစ်ခြမ်းလုံးလည်း ဆုံးရှုံးခဲ့ရပြီး အခြေအနေအရမ်းဆိုးတာကြောင့် ဆရာဝန်တွေက သူ့ ကိုသေမှာပဲလို ထင်ခဲ့ကြပေမယ့် Gage ဟာမသေခဲ့ပါဘူး...

ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားခဲ့ရပြီး လအနည်းငယ်အကြာမှာတော့ Gage ဟာလူကောင်းတစ်ယောက်လိုပြန်ဖြစ်လာခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ အဲ့အချိန်ကဆေးပညာနယ်ပယ်အတွက်ရော အံ့သြစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့သလို Gage ရဲ့အသက်ပြင်းလှတဲ့သတင်းကလည်း တော်တော်လေး ပျံ့လွင့်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=471,q=100/5a/5af6cf326d6cc5fdbee4bb916b228b9e14cfda92.png
https://s9.kh1.co/__image/w=300,h=400,q=100/4e/4eb5034b33598c7f1fdd745456916005b8c68c2b.jpg

ဒါပေမယ့် အရင်က စိတ်ထားကောင်းပြီး ရိုးသားဖော်ရွေသလို အလုပ်လည်းကျိုးစားတဲ့ Gage ဟာ ပြန်ကောင်းလာပြီးနောက်မှာ ဆန့်ကျင်ဘက် ​ဖြစ်တဲ့ စိတ်ထားယုတ်ပြီး အလုပ်လုပ်ရတာ ပျင်းရိတဲ့လူတစ်ယောက် ဖြစ်သွားတဲ့အတွက် အပေါင်းအသင်းတွေကတောင် ဒါဟာအရင်က ငါတို့သိတဲ့ Gage မဟုတ်တော့ဘူးလို့တောင် ပြောလာခဲ့ကြပါတယ်။

အဲ့ဒီနောက် မတော်တဆမှုဖြစ်ပြီး ၁၂ နှစ်လောက်အကြာမှာတော့ Gage ဟာကွယ်လွန်သွားခဲ့တယ်လို့ သိရပြီး ဆေးဘက်ဆိုင်ရာပညာရှင်တွေက သူ့ရဲ့ ဦးခေါင်းခွံကို စစ်ဆေးမှုတွေပြုလုပ်ကာ ဟားဗတ်တက္ကသိုလ်မှာ ဆေးစိမ်ထားတယ်လို့ သိရပါတယ်.....

https://s9.kh1.co/__image/w=650,h=590,q=100/1d/1dffc552e7d272aad6e4a93b9f4b826b84560c78.jpg
https://s9.kh1.co/__image/w=375,h=500,q=100/1b/1b295d9fcc601d22883a13610287c424a408c9e0.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T