တိုက်ရိုက်ထုတ်လွင့်နေတဲ့ Tv Show တစ်ခုမှာ ခွေးတစ်ကောင်နဲ့ လက်ထပ်ခဲ့တာကြောင့် လူတွေကို အံ့ဩ‌သင့်စေခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/48/48158de0451f91acfb77cfb7e0e1b1ba7deb98ff.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အချိန်တွေကြာလာပြီနှင့်အမျှ ခွေးများနှင့်လူသားများဟာ ခိုင်မာတဲ့ နှောင်ကြိုးတွေရှိကြောင်းသက်သေပြခဲ့ပြီ ဖြစ်ပါတယ်။ ခွေးတွေနဲ့ပတ်သက်ပြီးတော့လည်း ခွေးလေးတစ်ကောင် ကလေးလေးကို ကယ်လိုက်တာတို့ သခင်ကို သစ္စာရှိရှိစောင့်ကြိုနေတာတို့ စသဖြင့် ဇာတ်လမ်းပေါင်းများစွာရှိပါတယ်။။ သိပ်မကြာသေးခင်ကလည်း ခွေးတစ်ကောင်နဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးကြောင့် လူတွေကို အံ့ဩစေခဲ့ပါတယ်။ This Morning လို့ခေါ်တဲ့ ဗြိတိန်တီဗီရှိုးတစ်ခုမှာ အသက် ၄၉ နှစ်အရွယ် Elizabeth Hoad ဟာ Logan (သူမရဲ့ Golden ခွေး ) နှင့် လက်ထပ်ခဲ့တာမို့ ကြည့်ရှု့သူတွေကို အံ့ဩစေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/6b/6b58db2f5e88ac5f8f2e9a1baa77e93ab117aaf9.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/d2/d203cda49fd6bd0365a80711820b463b87336af9.jpg

Hoad က သူမဟာ ယောက်ျားတစ်ယောက် မလိုအပ်ဘဲ သူမရဲ့ဘ၀တစ်လျှောက်လုံး သူမရဲ့ခွေးလေးနဲ့အတူနေချင်ကြောင်း ပြောခဲ့ပါတယ်။ အဲ့မတိုင်ခင်က သူမဟာ အချစ်ရေးအတွက် ယောက်ျားပေါင်း ၂၀၀နဲ့ Date ခဲ့ပါသေးတယ်လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ သူဟာ အချစ်အတွက် အဲ့လို တစ်ယောက်ပြီးတစ်ယောက် Date နေရတာကို ရပ်တန့်ခဲ့ပြီး သူမရဲ့ခွေးကိုပဲ လက်တွဲဖော်အဖြစ် ရွှေးချယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ " ကျွန်မနောက်ဆုံးမှာ လုံး၀ လက်လျော့လိုက်ပါတယ်၊ Dating Website တွေအကုန်လုံးမှာလည်း ကျွန်မ ရှာပြီပါပြီ " လို့ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=409,q=100/96/969e3833c80f89b80c8dead6f6c268cfb3842ce9.jpg
https://s9.kh1.co/__image/w=650,h=388,q=100/ab/ab2c88902d692882d3b1c2739616e4cc565be5ad.jpg

" ဒါဟာကျွန်မတင်မဟုတ်ပါဘူး၊ ကျွန်မတစ်ပတ်အတွင်းမှာ သူငယ်ချင်း ၁၀ ယောက်တွေ့ခဲ့ပါသေးတယ် ၊ ကျွန်မတို့ရဲ့ခွေးနဲ့အတူ ခရီးတွေ အများကြီးထွက်ခဲ့ပါသေးတယ်၊ အဲ့ချိန်တုန်းက ကျွန်မမှာ အလုပ်မရှိသေးပါဘူး၊ အဲ့တော့ကျွန်မရဲ့ သူငယ်ချင်းတွေကလည်း နင်ဘာလို့ သူ့ကိုလက်မထပ်တာလဲ လို့မေးကြတယ် " ဆိုပြီး သူမကဆက်ပြောခဲ့ပါတယ်။ သူမရဲ့ TV show အစီအစဉ်က Clip လေးကို Twitter မှာ လူပေါင်းများစွာ Share ခဲ့ကြပြီး Tweet ကြတဲ့လူတွေလည်း တော်တော်များပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့သူတွေက ဝေဖန်နေချိန်မှာ တချို့ကတော့ Hoad ကို လေးစားဂုဏ်ပြုခဲ့ကြပါတယ်။ ဒေါသထွက်တဲ့သူတွေ ထွက်တဲ့သူရှိသလို ဟာသလုပ်ခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။ " ဒါပါပဲ....လူသားတွေရဲ့ အထွတ်အထိပ်၊ တောင်ပေါ်ကနေ အောက်ဆုံးထိကို ပြုတ်ကျတာပါပဲ " ဆိုပြီး လူတစ်ယောက်က ရေးခဲ့ပြီး နောက်တစ်ယောက်က " ဒါဟာ လုံး၀ ပြီးပြည့်စုံချင်ပဲ " ဆိုပြီး လေးစားဂုဏ်ပြုတဲ့အနေနဲ့ရေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=630,h=354,q=100/16/166535d6e9eef46cb6411fba856bb405d9ea7682.jpg

သတင်း အရင်းအမြစ်Hindustantime

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T