ယုံကြည်ဖို့ခက်ခဲပေမယ့် တစ်သက်မှာ အမှန်တကယ် နှစ်ခါသေခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း

//s9.kh1.co/c8/c8332cf10da98956c0636c333c605a2b7bacc207.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်သက်မှာ နှစ်ခါသေရတယ်ဆိုတာက တော်ရုံတန်ရုံလူတွေ မဖြစ်နိုင်တဲ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်တစ်ခုပါပဲ.

ဒါပေမယ့် အိုင်ယာလန်နိုင်ငံ Lurgan မြို့မှာနေထိုင်ခဲ့တဲ့ Margorie McCall လို့ခေါ်တဲ့ အမျိုးသမီးကတော့ တစ်သက်မှာ နှစ်ခါသေခဲ့ရတဲ့ အမျိုးသမီးတစ်ဦးပဲ ​ဖြစ်ပါတယ်။

သူမဟာ ၁၇၀၅ ခုနှစ်မှာ အဖျားရောဂါတစ်ခုကိုပြင်းထန်စွာခံစားခဲ့ရပြီး ဒီရောဂါနဲ့ပဲသေဆုံးသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=800,q=100/6e/6eaff79038ff5a7cc85eb7f1a302d68d4691d120.jpg

ဆရာဝန်တွေက သေဆုံးသွားပီလို့ အတည်ပြုပီးနောက်မှာတော့ ရောဂါပြန့်မှာဆိုးတဲ့အတွက် သူမရဲ့အလောင်းကို  ချက်ချင်းမြှပ်နှံခဲ့ပါတယ်။

မမြှုပ်ခင်မှာတော့ ခင်ပွန်းဖြစ်သူဟာ သူခိုးတွေရန်ကိုကြောက်တဲ့အတွက် သူမရဲ့လက်ကလက်စွပ်ကို ချွတ်ယူထားဖို့ ကြိုးစားခဲ့ပေမယ့် ချွတ်မရတာကြောင့် ဒီအတိုင်းထားပြီး သဂြိုလ်ပေးခဲ့ပါတယ်။

သူမရဲ့လက်မှာ လက်စွပ်ပါတာကို သိတဲ့သူခိုးတွေဟာ.ညတွင်းချင်းပဲ အခေါင်းကိုဖော်ပြီး လက်စွပ်ကိုချွတ်ယူဖို့လုပ်ခဲ့ကြပေမယ့် ချွတ်မရခဲ့ပါဘူး။

ဒါ့ကြောင့်လက်ကို ဖြတ်ပီး လက်စွပ်ကိုယူဖို့အတွက် ဓားနဲ့လက်ကိုထိလိုက်ချိန်မှာတော့ သူမဆီကအော်သံကိုကြားခဲ့ရပြီး သူခိုးတွေလဲ လန့်ပီးထွက်ပြေးသွားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/79/79f11c382deb0e018ec5ef7dee2067ac8cad1f38.jpg

အဲ့ဒီနောက်မှာတော့ Margorie ဟာအိမ်ကိုပြန်သွားခဲ့ပြီး တံခါးကိုဖွင့်လိုက်ချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ သူမကိုမြင်မြင်ချင်းပဲ နှလုံးရပ်ပီးသေသွားခဲ့ပါတယ်.

Margorie ဟာခင်ပွန်းဖြစ်သူ သေဆုံးပီးနောက်မှာ နောက်ယောကျာ်းထပ်ယူပီး ကလေးတွေတောင် မွေးခဲ့ပါသေးတယ်....

အဲ့ဒီနောက် အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာတော့ Margorie ဟာ အမှန်တကယ်သေဆုံးသွားခဲ့ပြီး သူ့ရဲ့အကြောင်းဟာ ယနေ့ထက်ထိ ပြန်လည်ပြောပြစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ ရှိနေသေးတဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်.....

https://s9.kh1.co/__image/w=650,h=366,q=100/0a/0a65fbfda98d873319024efa115711f450f89c3d.jpg

သတင်း အရင်းအမြစ်lurganancestry

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T