Barbie အရုပ်လေးနဲ့ ထင်မှတ်မှားရလောက်အောင် ချောမော်လှပကြသူများ

//s9.kh1.co/55/55ff05e9c9d72a19f28abc6fe1bf02e439a4c919.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

Barbie အရုပ်လေးတွေဟာ မိန်းကလေးတွေ အတွက်တော့ အချိန်ကြာမြင်စွာ အသည်းစွဲဖြစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်က မိန်းကလေးများစွာဟာလည်း သူတို့နှင့်တူအောင်ကြိုးစားခဲ့ကြ‌ေပမယ့် မအောင်မြင်တာများပြီး အနည်းငယ်သာအောင်မြင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခုဖော်ပြမယ့် သူတွေထဲက တချို့ဟာ မိတ်ကပ်ကြောင့်ဖြစ်ပြီး တချို့ကတော့ ခွဲစိတ်ပြုပြုင်မှုတွေကြောင့် ဖြစ်ပါတယ်။

Dakota Rose

Dakota Rose (သို့မဟုတ်) Kotakoti ဟာ Barbie-Girl ဖြစ်ခြင်းကြောင့် အင်တာနက်မှာ အလွန်နာမည်ကြီးပါတယ်။ ဒါပေမယ့် အချို့လူတွေကတော့ သူမဟာ မိတ်ကပ်အများကြီး (ခန့်မှန်းခြေအားဖြင့် ၅၀၀ ဂရမ်ခန့်) အသုံးပြုတယ်လို့ ဆိုကြပါတယ်။ သူမကိုလူမုန်းများတဲ့အကြောင်းကတော့ လူတိုင်းမသိရိှပါဘူး။ ဒါပေမယ့် သူမကတော့ Babrie နဲ့တူတဲ့ အလှဆုံးသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=447,h=640,q=100/7c/7c7f3840fb9368cd835dd14add94462f9f8eeadf.jpeg
https://s9.kh1.co/__image/w=500,h=333,q=100/24/24f991d4b7070fb1baa8f09f6c2c0e4349a044bb.jpg

Charlotte Hothman

Charlotte Hothman ဟာအမာခံ Barbie-Doll စုဆောင်းသူဖြစ်ပါတယ်။ သူမငယ်စဉ်ကတည်းက Barbie အရုပ်ကို စွဲလမ်းမှုကြောင့် သူမဟာ Barbie ကဲ့သို့ အသွင်ပြောင်းရန်ဒေါ်လာထောင်ချီကာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=333,q=100/a1/a11f98c865bfef48d51f34cba798ad4e1b1cb8a2.jpg
https://s9.kh1.co/__image/w=604,h=402,q=100/30/307d0e24f572daf912e480158a286979733133c5.jpg

Wang Jia Yun

သူမနဲ့ပတ်သက်ပြီး လူတွေကတော့ လုံး၀အတုလို့ ပြောကြလေ့ရှိပါတယ်။ သူမရဲ့ ပုံတွေကလည်း အတုလို့ထင်ရတဲ့ပုံအပြင် အစစ်လို့ထင်နေရတဲ့ပုံတွေလည်း ရှိတာနေပါတယ်။ ဒါကြောင့် အတုအစစ်ဆိုတာ သင့်ဆုံးဖြတ်မှုပေါ် မူတည်ပါတယ်။ တကယ်လို့ အစစ်သာဆိုရင်တော့ သူမကတကယ် သက်ရှိ Barbie ပါပဲ။

https://s9.kh1.co/__image/w=500,h=333,q=100/7c/7cb2e0d4629087a5e9487b663f74116100df7ce7.jpeg

Angelica Kenova

သူမကတော့ လူသိများကြတဲ့ ရုရှားက Barbie လေးပဲဖြစ်ပါတယ်။ သူမဟာ မွေးကတည်းက ခုလို Babrie မလေးနဲ့ တူနေတာကြောင့် အမေဖြစ်သူ‌ကလည်း စိတ်မချဖြစ်နေပါတယ်။

https://s9.kh1.co/__image/w=600,h=333,q=100/92/92514e4fd59a0fc3ad778f385531f75ca2c8423d.jpg

Valeria Lukyanova

ဒီယူကရိန်းသူလေးကတော့ ကမ္ဘာပေါ်မှာ Barbie အရုပ် နဲ့အတူဆုံး တစ်ယောက်ဖြစ်ပါတယ်။ သူမမျက်လုံးကတော့ မွေးရာပါမျက်လုံးဖြစ်ပြီး အစိမ်းရောင်ရှိပါတယ်။ သူမဟာ ရင်သားကိုတော့ခွဲစိတ်မှုပြုလုပ်ခဲ့ပေမယ့် ခန္ဓာကိုယ်ကတော့ သဘာ၀အတိုင်း ဝိတ်ချထားတာ ဖြစ်ပါတယ်။ ခုလို ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့အတွက် သူမဟာ နေ့တိုင်း Workout လုပ်ပြီး Special Diet လုပ်လေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a4/a45be1a8e26c39a65af8e35d8c32faeeb4baeccb.jpg
https://s9.kh1.co/__image/w=650,h=366,q=100/29/29be9c2871d0b76e85c2f20bc9035dc8310a4261.jpeg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T