လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုသာ မခံရရင် ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါအမျိုးအစားများ

//s9.kh1.co/26/26d506670d27b7ea2289b804fbc480ea2a0562e4.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ထာဝရအသက်ရှင်ကြတဲ့ သတ္တဝါ အမျိုးအစားဆိုတာ ဒီကမ္ဘာမှာ မရှိဘူးလို့ လူအများစုက ယုံကြည်ကြပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက အခုဖော်ပြပေးမယ့် သတ္တဝါအမျိုးအစားတွေနဲ့ သုတေသနလုပ်ပြီး သူတို့ဟာ ထာ၀ရအသက်ရှင်နိုင်ကြောင်း သက်သေပြခဲ့ကြပါတယ်။ ဒီသတ္တဝါ အမျိုးအစားတွေဟာဆိုရင် လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကိုသာ မခံရဘူးဆိုရင်တော့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Turritopsis doohmii ဂျယ်လီငါး

https://s9.kh1.co/__image/w=650,h=433,q=100/a2/a28004b9e3ce5f897a0d8502f7bee23c42bdc4c3.jpg

ဂျယ်လီငါး မျိုးစိတ်ဝင်တဲ့ “Turritopsis doohmii” အမည်ရ ဂျယ်လီငါးတွေဟာ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတမျိုးပဲ ဖြစ်ပါတယ်။ အရွယ်အစား သေးငယ်လှတဲ့ ဒီ Turritopsis doohmii ဂျယ်လီငါးတွေဟာ ဇီဝဗေဒပညာရှင်တွေရဲ့ လက်တွေ့ကျတဲ့ လေ့လာ စမ်းသပ်မှုတွေမှာတောင် တစ်ကောင်မှ မသေကြတာကို မှတ်တမ်းတွေအရ သိရပါတယ်။ သူတို့ဟာ သေပြီးသွားတဲ့ ဆဲလ်အဟောင်းတွေနဲ့ ဆဲလ်အသစ်တွေကို အမြဲလိုလို လဲလှယ် နေတတ်ကြတဲ့ ဖြစ်စဉ်ကြောင့် ဘယ်တော့မှ မသေတတ်သလို သေခဲ့မယ်ဆိုရင်တောင် ငါးအစား ခံရလို့နဲ့ တခြားသော ပယောဂတွေကြောင့်သာ သေဆုံးကြတာပဲ ဖြစ်ပါတယ်။

ကျောက်ပုစွန်

https://s9.kh1.co/__image/w=650,h=433,q=100/61/616dd5aa843e4af0ee257121f96c018a6a5af6f2.jpg

ကျောက်ပုစွန်တွေဟာဆိုရင် သက်တမ်းရှည်တဲ့ သတ္တဝါ အမျိုးအစားတွေထဲမှာ ပါဝင်ပြီး လူတွေရဲ့ ပယောဂကြောင့်သာ မဟုတ်ရင် ဘယ်တော့မှ မသေနိုင်ကြဘူးလို့ ဇီဝဗေဒပညာရှင်တွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ တခါတရံ မှာတော့ ကျောက်ပုစွန်တွေဟာ သူတို့အချင်းချင်း တစ်ကောင်ကို တစ်ကောင်စားတတ်ကြတဲ့ သဘာဝကြောင့် သေဆုံးတာမျိုးတွေတော့ ရှိပြီး အခွံမာ သတ္တဝါတမျိုးဖြစ်ပေမယ့် နာကျင်မှုကို ခံစားနိုင်ကြပါတယ်။

လိပ်

https://s9.kh1.co/__image/w=650,h=433,q=100/e5/e5443e23cff5985e46b478dded3c8034a67b94a5.jpg

လိပ်တွေဟာ ဆိုရင်လည်း ရာစုနှစ်နဲ့ချီပြီး အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတစ်မျိုးဖြစ်ပြီး တကယ်လို့များ လိပ်တွေဟာ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာမျိုးတွေနဲ့ သူတို့နေတဲ့ နေရာဒေသတွေသာ မဖျက်စီးခံရဘူး ဆိုရင်တော့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ အမျိုးအစားတွေထဲမှာ ပါဝင်ပါတယ်။

Planarian worms ကပ်ပါး

https://s9.kh1.co/__image/w=650,h=433,q=100/ae/ae0eb669bc6515ceed878c07f68a36f6e9300925.jpg

Planarian worms အမည်ရ ကပ်ပါးကောင်မျိုးစိတ်ဝင် ကပ်ပါးတမျိုးဟာဆိုရင် ဆဲလ်အဟောင်းတွေ ကနေ ဆဲလ်အသစ်တွေအဖြစ် ပြန်လည်ဖြစ်ပေါ်နိုင်တဲ့ စွမ်းအင်တမျိုးကြောင့် ဘယ်တော့မှ မသေနိုင်ပါဘူး။

ဝေလငါး

https://s9.kh1.co/__image/w=650,h=433,q=100/71/71eeca0e9ccf3ce5e3e8e8db6fe43a91e9b91eb7.jpg

ဝေလငါးတွေဟာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး နို့တိုက်သတ္တဝါတွေစာရင်းမှာ ပါဝင်ပြီး သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေအရ ပျမ်းမျှအားဖြင့် နှစ်ပေါင်း ရာနဲ့ချီအောင် အသက်ရှင်နိုင်ကြတဲ့ သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေကြောင့်ရော နေရပ်ဒေသတွေ ဖျက်စီးခံရမှုတွေနဲ့ လူတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် ထာဝရအသက်ရှင်နိုင်ဖို့ အခွင့်အလမ်း နည်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်ခံနိုင်သောဘက်တီးရီးယား

https://s9.kh1.co/__image/w=650,h=433,q=100/35/35d42adc472e43e9c0e523dd758a88ed2f77b0f3.jpg

ပုံမှာပါတဲ့ ဘက်တီးရီးယားတွေဟာ ဓာတ်ရောင်ခြည်တွေကို ခံနိုင်ရုံသာမက သေလည်းသေနိုင်ပါဘူး။ တကယ်လို့များ သူတို့သေသွားတဲ့အခါ သူတို့ရဲ့ ထူးခြားတဲ့ DNA တွေဟာ ပြန်လည်အသက်ရှင်လာနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေဟာ ထာ၀ရအသက်ရှင်နေနိုင်ကြပါတယ်။

Tardigrade (Water Bear)

https://s9.kh1.co/__image/w=650,h=433,q=100/a5/a56acd81c22d65ca1044b4d43c6344ff8195d572.jpg

ဒီကောင်လေးကို ဘာနဲ့မှသတ်လို့မရသလို သူဟာသေလည်းမသေနိုင်ပါဘူး။ သူတို့ဟာ ကမ္ဘာပေါ်မှာ တည်ရှိနေခဲ့တာလည်း ကြာခဲ့ပါပြီ။ တကယ်လို့သတ်မယ်ဆိုရင်တောင် တော်တော်လေးကို သတ်ရခက်ပါတယ်။

သတင်း အရင်းအမြစ်Rd

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T