ဒီဇာတ်လမ်းတွဲကတော လူအများကြည့်ဘူးတဲ့heroဇာက်လမ်းတွေကနေကွဲထွက်နေပါတယ်။ဒီစီးရီးဟာဆိုရင်ဖြင့်2019 မှာတည်းကseason1 အနေနဲ့ထွက်ရှိခဲ့တာဖြစ်ပါတယ်။
2020မှာတော့ season2ထွက်ရှိခဲ့ပါတယ်
လက်ရှိမှာတော့ season3ဆက်လက်ထွက်ဖို့လဲရှိပါသေးတယ်။
စူပါ ပါဝါရရှိပီး လူတွေကိုကောင်းကျိုးပြုနေတဲ့ Hero တွေရှိသလို အနိုင့်ကျင်ပြီး ကိုယ်ကျိုးအတွက်သာ
အသုံးချနေတဲ့ သူရဲကောင်းဟန်ဆောင်ထားတဲ့ သိုးရေခြုံဝံပုလွေကောင်တွေလည်းအများကြီးရှိပါတယ်။
ဒီလိုကောင်တွေကြောင့် တစ်ချို့သောသူတွေ များစွာထိခိုက်နေပေမယ့်လည်း
Supervillain လိုကောင်တွေဟာ စွမ်းအားကြောင့်ရော အဖွဲ့အစည်းတစ်ခုအနေနဲ့ရှိနေတာရော၊သူတို့ကိုအားပေး
ထောက်ခံနေတဲ့သူတွေများနေတာကြောင့် ဒေါသတွေကိုမြိုသိပ်နေရတဲ့သူတွေအများကြီးရှိပါတယ်။
ထိုအထဲမှာမှ လူတချို့ဟာ သူတို့အသက်ကိုပဓာဏမထားပဲ အမှန်တရားကို ချပြမယ်ဆိုတဲ့လူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ နေရာစုံကပေါ်ပေါက်လာပါတယ်။
ထိုအခါမှာတော့
The Boys ဆိုတဲ့အဖွဲ့အစည်းလေးပေါ်ပေါက်လာပါတော့တယ်။
SE1 ထဲက ကြမ်းသလိုပဲခု SE2 မှာလည်းပိုတောင်ကြမ်းလာပါေတာ့တယ်။ဒီစီးရီးကို စိတ်ဝင်စားဖို့ကောင်းတာက
ကျွန်တော်တို့မြင်တွေ့နေကြ အားကိုး ရ ေလာက်တဲ့စူပါဟီးရိုးတွေမဟုတ်ဘဲနဲ့ဗီလိန်ကောင်တွေကို လိုက်ဗျင်းပြီးတော့
ဘာစွမ်းအားမှမရှိတဲ့
အားနည်းနေတဲ့အဖွဲ့လေးနဲ့ ကျွန်တော်တို့ဟာ တစ်သားထဲအလိုလိုဖြစ်သွားပါတယ်…ပြီးတော့
ဗီလိန်စူပါပါဝါကောင်တွေရဲ့အားနည်းချက်တွေကို ရှာပြီး လိုက်ဗျင်းဖို့စဉ်းစားရတာလည်း
တစ်ခန်းပြီးတစ်ခန်းမနားတန်းကြည့်ချင်လောက်အောင် ကိုစိတ်၀င်စားဖို့အရမ်းကောင်းပါတယ်။
တိုက်ခိုက်တဲ့အခန်းတွေဟာလည်း ရှယ်အရမ်းကောင်းလွန်းတဲ့ရိုက်ချက်တွေကြောင့် ကြည့်ရတာ အရမ်းမိုက်ပါတယ်
Myanmar load ရဲ့ပရိတ်သတ်ကြီးရော ဒီကားကိုကြည့်ပြီးပြီလား ကြည့်ပြီးရင်လဲ ကြိုက်တဲ့အခန်းေလးကိုcmtလေးရေးပေးခဲ့ပါဦး။
မကြည့်ရသေးတဲ့ပရိတ်သတ်ကြီးလဲ ခုလိုစိတ်ညစ်စရာတွေကြုံနေတဲ့အချိန်မှာ ဒီကားလေးေကြာင့်အားအင်တစ်ခုဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ။
သတင်း အရင်းအမြစ်៖ indiewire