လူ ၃ သိန်းမှာ တစ်ဦးသာဖြစ်တက်တဲ့ ရှားပါးအရေးပြား‌‌ရောဂါနဲ့ ပထမဆုံးအကြိမ် မွေးဖွားခဲ့တဲ့ အိန္ဒိယက ကလေးငယ်

//s9.kh1.co/53/534d17c87fba7f2bda7b3ed559e8e941e3313724.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒေလီမှာ Harlequin Ichthyosis ရောဂါနဲ့ မွေးဖွားလာတဲ့ ပထမဆုံးကလေး တစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ရောဂါဟာ ရှားပါးတဲ့ မျိုးရိုးဗီဇဆိုင်ရာ အရေပြားရောဂါပဲဖြစ်ကာ မွေးဖွားပြီးနောက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာကြောင့် ကလေးဟာ Daryaganj ရှိ Kasturba Gandhi ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ Harlequin Ichthyosis ဆိုတာကတော့ ခြောက်သွေ့တဲ့အသားအရေနဲ့ ငါးကဲ့သို့ အရေခွံရှိတဲ့ ကလေးမွေး‌ဖွားလာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မိဘများဆိမှ ဆက်ခံရရှိတဲ့ မျိုးရိုးဗီဇအရ ကလေး ၃သိန်းမှာ တစ်ယောက်သာဖြစ်နိုင်ပါတယ်။

https://s9.kh1.co/__image/w=250,h=552,q=100/70/7014e70a2426204932f5c7ebff9b70104b48c5da.jpeg

ဒီအခြေအနေနဲ့ မွေးဖွားလာတဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ မာပြီထူးတဲ့ အသားအရေတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အဲ့အပြင် နေရာအနှံ အက်ကွဲကြောင်းရာများလည်း ရှိပါတယ်။ ပါးစပ်၊ မျက်လုံးနှင့်နားတို့ဟာလည်း ပုံပျက်နေတာကြောင့် ကလေးရဲ့မျက်နှာဟာလည်း ရုပ်ဆိုးနေရပါတယ်။ ခု‌ကလေးကိုတော့ Uttar Pradesh ပြည်နယ်က အသက် ၂၀ အရွယ်မိခင်တစ်ယောက်ကို ခွဲမွေးခဲ့တာဖြစ်ပါတယ်။ ကုသပေးခဲ့တဲ့ ဆရာ၀န်များဟာ ဝမ်းကွဲဖြစ်သူနှင့်လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးက မွေးဖွားလာတာကြောင့် ခုလိုဖြစ်ခဲ့တယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြပါတယ်။ သူမဟာ မွတ်စလင်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=904,q=100/81/8175cd6c48cabefe80e667133d16e1126aff3ac0.jpg

သားဖွားမီးယပ်အထူးကုဆရာ၀န် ဒေါက်တာ Maruti Sinha က " ဒါဟာဒီအရေပြားပုံပျက်တဲ့ကလေးမွေးတာကိုငါတို့ပထမဆုံးအကြိမ်တွေ့တာဘဲ၊ Harlequin Ichthyosis ဟာ 'ABCA 12' ဗီဇချို့ယွင်းချက်မှာ ပါ၀င်ပါတယ် " ဆိုပြိး ပြောခဲ့ပါတယ်။ "အိန္ဒိယမှာ ယနေ့အထိ ဒီရောဂါဖြစ်ပွားသူ သုံးဦးကုိသာသိခဲ့ရပြီး သူတို့အားလုံးဟာမွေးပြီးပြီးချင်းသေသွားခဲ့ပါတယ်၊ ကလေးကယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာကိုလည်း လိင်အင်္ဂါ အပြည့်အဝ မဖွံ့ဖြိုးသေးလို့ ကျွန်မတို့အတည်မပြုနိုင်ခဲ့ဘူး " လို့သူမကပြောကြားခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=420,q=100/8f/8fed2649a52aac1ec6dbc30eb885e03aa60313d1.png

Kasturba Gandhi ဆေးရုံရဲ့ သားဖွားမီးယပ်ရောဂါကုဌာန အကြီးအကဲ ဒေါက်တာ Sangita Nangia က ကလေးအသက်မသေမချင်း ဆေးဘက်ဆိုင်ရာအထောက်အပံ့များ အားလုံးပေးထားခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် Harlequin Ichthyosis နဲ့မွေးလာတဲ့ကလေးတွေမှာ ရှင်သန်မှုနှုန်းကနည်းလွန်းလို့ မွေးပြီးနာရီပိုင်းအတွင်းမှာ သေသွားတက်ကြပါတယ်။ တစ်ကမ္ဘာလုံးတွင် အဲ့လို‌ေရာဂါနဲ့ ကလေးဟာ အသက်ရှင်လျက်နှင့် ဒုက္ခရောက်ခဲ့တဲ့ ကိစ္စ ၃ ခုလည်း ရှိပါသေးတယ်။ အဲ့ဒီရောဂါမျိုးကတော့ တစ်ကမ္ဘာလုံးမှာ ၂၀၀ကနေ ၂၅၀ထိ ရှိနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a5/a5c62268ac7d16ba7f05f6e2b9170e5789990583.jpg

သတင်း အရင်းအမြစ်India Today

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T