ပရိသတ်တွေက BLACKPINK ရဲ့ Jisoo ကို Adidas ကတခြားအဖွဲ့၀င်တွေနဲ့တန်းတူဆက်ဆံမှုမရှိဘူးဟုဆိုကာ ပရိသတ်တွေကစွပ်စွဲနေကြတာဖြစ်ပါတယ် ။
BLACKPINK သည်လက်ရှိတွင် Adidas အတွက်တရားဝင်မော်ဒယ်လ်တွေဖြစ်ကြပြီး BLACKPINK အဖွဲ့၀င်တွေဟာ Addidas အတွက်ကြော်ငြာများစွာရိုက်ကူးပေးထားတာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း Addidas ဟာ ကြော်ငြာဓာတ်ပုံများတွင် Jisoo ကိုချန်လှပ်ထားခဲ့ခြင်းကြောင့် ပရိသတ်တွေမကျေမနပ်ဖြစ်ကြကာ Twitter ကနေတစ်ဆင့် "ADDIDAS RESPECT JISOO" ဆိုပြီးရေးသားလာကြပါတယ်။
Jisoo ကတော့ သူ့ရဲ့ social mediaမှာ Addidas တံဆိပ်ကို မကြာခဏ၀တ်ဆင်ပြီး ကြော်ငြာပေးခဲ့တာကြောင့် ပရိသတ်တွေကပိုမိုပြီး မကျေမနပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ Jisoo ဝတ်ဆင်ခဲ့သော Adidas ဖိနပ်နှစ်ရံသည်စင်္ကာပူ၌ အားလုံးရောင်းထွက်ခဲ့သည်အထိလည်း ရောင်းအားတက်ခဲ့တာလည်းဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Twitter