ပညာရှင်တွေတောင် မဖြေရှင်းနိုင်တဲ့‌ သေသူတွေနဲ့အတူနေထိုင်ခဲ့ကြတဲ့ လူများ

//s9.kh1.co/27/27f5133870c7ac6ea54968a397925521818892e0.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-သြ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

၁၉၃၁ခုနှစ်တုန်းက ဆရာ၀န်တစ်ယောက်ဟာ သေဆုံးသွားတဲ့ သူရဲ့ချစ်သူကို အခေါင်းထဲကနေ ခိုးထုတ်ပြီး ၇နှစ်တိုင် အတူတူနေထိုင်ခဲ့ဖူးပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက သူဟာဆရာ၀န်တစ်ယောက်ဖြစ်ပေမယ့်လည်း သူချစ်တဲ့သူကို လက်မလွှတ်ချင်တဲ့စိတ်ကြောင့် ခုလိုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ၇နှစ်ကြာပြီတဲ့အချိန်မှာတော့ သူဟာအဖမ်းခံခဲ့ရပါတယ်။ ယနေ့ချိန်ထိလည်း သူ့လိုမ‌ျိုး သေသူတွေနဲ့ အတူနေတဲ့သူတွေရှိပါတယ်။ ဒါကြောင့် ခု‌အောက်မှာ ဖော်ပြထားတာကတော့ ကမ္ဘာကြီးပေါ်က သေသူတွေနဲ့ အတူနေထိုင်တဲ့သူတွေပဲဖြစ်ပါတယ်။

ဆရာ၀န်နဲ့သူ့ချစ်သူရုပ်အလောင်း
ဆရာ၀န်နဲ့သူ့ချစ်သူရုပ်အလောင်း

မိန်းမကိုတူးဖော်ခဲ့တဲ့လူ

၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်မှအသက် ၅၇ နှစ်အရွယ် Le Van ကို သေဆုံးသူ သူ့မိန်းမရဲ့ ရုပ်အလောင်းနားမှာ အတူအိပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ၂၀၀၃ခုနှစ်မှာ သူ့မိန်းမဟာသေဆုံးခဲ့ပြီး သူဟာလည်း သူ့မိန်းမရဲ့ အုတ်ဂူးမ‌ှာ အမြဲအိပ်ခဲ့ပါတယ်။ သူဟာ ရာသီဥတုဒဏ်ကနေ ဘေးကင်းဖို့ အုတ်ဂူးနားမှာ ဥမင်တစ်ခုတူးပြီးနေခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတုအရမ်းကြမ်းလာတဲ့အခါ ၂၀၀၄ခုနှစ် နို၀င်ဘာမှာ သူဟာ သူ့မိန်းမရုပ်အလောင်းကို တူးဖော်ထုတ်ယူကာ အိမ်ကိုယူလာခဲ့ပါတယ်။ အဲ့ဒီနောက် သူ့မိန်းမရဲ့ အရေပြားကို ရွှံ့နှင့်အင်္ဂတေဖြင့် ပုံသွင်းခဲ့ပါတယ်။၂၀၁၁ ခုနှစ်မှာ ထပ်မံစစ်ဆေးကြည့်တဲ့အခါ သူဟာ သူမိန်းမရုပ်အလောင်းနဲ့အတူ ဆက်လက်ရှိနေတုန်းပါပဲ။ သူ့ရဲ့ကလေးတွေတောင် ဒါနဲ့ပတ်သတ်ပြီး ဘာမှမဖြစ်ပါဘူး။

ယောက်ျားရယ် မိန်းမရုပ်အလောင်းရယ် သားရယ်
ယောက်ျားရယ် မိန်းမရုပ်အလောင်းရယ် သားရယ်

ယောက်ျားကိုသေရွာမှပြန်လာမည်ဟု ထင်မှတ်ကာ စောင့်မျှော်နေသူမိန်းမ

အသက် ၆၁ နှစ်ရှိ Lucio Chacue ဟာသေဆုံးခါနီးတွင် နောက်ဆုံးဆန္ဒအရ Columbian ကျေးလက်အိမ်ဘေးမှာ သူရဲ့အလောင်းကိုဖုံးကွယ်ရန် ဇနီးအားတောင်းဆိုခဲ့ပါတယ်။ သူ့မိန်းမကိုလည်း သူပြန်လာမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသေးတယ်။ ဒါနဲ့ပဲ မိန်းမဖြစ်သူဟာ သူ့အလောင်းကို စာရွက်နဲ့ထုပ်ပြီး သူမအိပ်ခန်းထဲမှာ ထားခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ဟာ ပုပ်သွားပြီး အနံတွေထွက်နေပေမယ့် သူမကတော့ နောက်မဆုတ်ပဲ ဆက်လက်စောင့်နေခဲ့ပါတယ်။ ရက်၃၀လောက်ကြာတဲ့ထိ ဘာမှမဖြစ်လာတဲ့အဆုံးမှာ သူမဟာ အလောင်းကို သင်္ဂြိုဟ်ဖို့ခွင့်ပြုချက်တောင်းခဲ့ပါတယ်။

ရက်၃၀ကြာပြီနောက် သင်္ဂြိုဟ်ဖို့ ထုတ်ယူစဉ်
ရက်၃၀ကြာပြီနောက် သင်္ဂြိုဟ်ဖို့ ထုတ်ယူစဉ်

သေဆုံးသွားတဲ့အမေနဲ့အတူနေထိုင်ခဲ့ပြီးနောက် သေဆုံးခဲ့သူ

၂၀၁၄ ခုနှစ်တွင် အသက် ၅၈ နှစ်အရွယ် Claudio Alferi ဟာ Buenos Aires ရှိ သူရဲ့တိုက်ခန်းမှာ ကုလားထိုင်တစ်လုံးပေါ်တွင်သေဆုံးနေတာကို တွေ့ရှိခဲ့ကြပါတယ်။ သူ့ရဲ့ဘေးမှာတော့ ခြောက်သွေ့နေပြီးဖြစ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကြပါတယ်။ အမျိုးသမီးဟာ ခြေညှပ်ဖိနပ်ကို ၀တ်ထားပြီး ပလပ်စတစ်အိတ်ဖြင့် ပတ်ထားကာ မီးဖိုးချောင်မှာ ထိုင်နေတာဖြစ်ပါတယ်။ အိမ်နီးချင်းတွေရဲ့ ပြောဆိုချက်အရ သူမဟာ Claudio Alferi ရဲ့အမေဖြစ်သူ Margarita Aimer de Alferi ဖြစ်ကြောင်း သိရှိရပါတယ်။ ‌‌အိမ်နီးချင်းတွေသူမကို နောက်ဆုံးတွေ့ရှိခဲ့တဲ့အချိန်က သူမအသက်၉၀ရှိနေပြီလို့ပြောပါတယ်။ အဲ့နောက်သူမဟာပျောက်ကွယ်သွားခဲ့ကာ Claudio ဟာ သူ့အမေနဲ့ အတူနေထိုင်ခဲ့ပါတယ်။ Claudio အနေနဲ့ သူ့အမေ‌ေသဆံုးသွားတာ‌ေတာင် ကျန်းမာအောင် ပြုစုစောင့်ရှောက်ရင်း သူပါ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခုဖော်ပြသွားတဲ့သူတွေက Stephen King ရဲ့ ဇာတ်ကောင်တွေ တစ်ယောက်မှမဟုတ်ပါဘူး။ တကယ်အပြင်မှာ သေတဲ့သူတွေနဲ့ အတူနေခဲ့တဲ့သူတွေအများကြီးထဲက တချို့ကိုဖော်ပြလိုက်ချင်းပဲ ဖြစ်ပါတယ်။

Claudioသေဆုံးပြီးနောက် တိုက်ခန်းအပြင်ဘက်
Claudioသေဆုံးပြီးနောက် တိုက်ခန်းအပြင်ဘက်

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T