ပုံမှန်မွေးကင်းစကလေးတစ်ယောက်ရဲ့ အလေးချိန်ဟာဆိုရင် ၅.၅ပေါင်ကနေ ၁၀ပေါင်ထိပဲရှိပါတယ်။ ဒါဟာပုံမှန်အလေးချိန်တစ်ခုဖြစ်ပြီး ရှားပါးတဲ့အခိုက်အတန့်တွေမှသာ အရမ်းသေးငယ်တဲ့ကလေး ဒါမှမဟုတ် ပုံမှန်ထက်ကြီးမားတဲ့ ကလေးတွေ မွေးဖွားတက်တာပါ။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ ရှိရမယ့်အလေးချိန်ထက်ပိုပြီး မွေးဖွားလာတဲ့ ကလေးတွေကို ဖော်ပြလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ၁၉ပေါင်လေးတဲ့ ကလေး
၂၀၀၉ခုနှစ် စက်တက်ဘာလမှာ မိဘတွေဖြစ်တဲ့ Hananudlin နဲ့ Ani တို့ဟာ ၁၉ပေါင်နဲ့ ၂အောင်စရှိတဲ့ ယောက်ျားလေးကို လူ့လောကထဲကနေ ကြိုဆိုခဲ့ပါတယ်။ နာမည်ကတော့ Akbarဖြစ်ပြီး သူ့ကို Kisaran Sumatra ရှိ Abdul Manon ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ မိခင်ဖြစ်သူ Ani ဟာ ၄၂နှစ်ရှိပြီး ဆီးချိုရောဂါရှိသူဖြစ်တာကြောင့် သူ့ကိုမွေးဖွားခဲ့စဉ်က ခက်ခက်ခဲခဲနဲ့ မိနစ် ၄၀ ကြာခဲ့ပါတယ်။
Carmelina Fedele - ၁၀.၂ ကီလိုဂရမ်ရှိတဲ့ ကမ္ဘာ့အလေးဆုံးကလေးကို မွေးဖွားခဲ့သူ
၁၉၅၅ ခုနှစ်မှာ Carmelina Fedele ဟာ အလေးချိန် ၂၂ပေါင်နဲ့ ၈အောင်စရှိတဲ့ ကလေးလေးကို မွေးဖွားခဲ့ပါတယ်။ ကလေးလေးဟာ ယောက်ျားလေးဖြစ်ပြီး အီတလီနိုင်ငံ Aversaမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမရော သူမကလေးအကြောင်းပါ သိပ်မသိရှိရပါဘူး။ Guinness World Records ထဲမှာတော့ ဒီကလေးလေးကို ကမ္ဘာ့အလေးဆုံး မွေးကင်းစကလေးအဖြစ် သတ်မှတ်ထားပါတယ်။
Anna Bates - ၂၈လက်မရှိတဲ့ ကလေးကို မွေးဖွားခဲ့သူ
၁၈၇၈ ခုနှစ်မှာတုန်းက Anna Bates အမည်ရှိကနေဒါအမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန် ၉.၉၈ ကီလိုဂရမ် (၂၂ ပေါင်) နှင့်အရှည် ၂၈ လက်မရှိတဲ့ ကလေးလေးကို မွေးဖွားခဲ့ပါတယ်။ သူမဟာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်ရှိ သူမရဲ့အိမ်မှာပဲ ဒီယောက်ျားလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဂင်းနစ်မှတ်တမ်းများအရ Anna Bates ဟာ အရပ် ၇ပေနဲ့ ၁၁ လက်မရှိပါတယ်။ ဒီအမည်မဖော်လိုတဲ့ ကလေးလေးဟာ မွေးဖွားပြီး ၁၁နာရီအကြာမှာပဲ သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီကလေးလေးဟာ ဂင်းနစ်စာအုပ်ထဲမှာ ကမ္ဘာ့အကြီးဆုံး မွေးကင်းစကလေးအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderlist