Mona Lisa ရဲ့ မျက်လုံးထဲက ကိန်းဂဏန်းနှင့် ပန်းချီကားထဲက လျှို့ဝှက်ကုတ်များ

//s9.kh1.co/d8/d895ec1092a344e033cfc9a7af153940a9d8d0b1.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အခုတစ်ခါမှာ‌ေတာ့ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်လည်းဖြစ်ပြီး စိတ်ဝင်စားစရာလျှို့ဝှက်ချက်တွေလည်း ပြည့်နေတဲ့ Mona Lisa ပန်းချီကား အကြောင်းကို ဖော်ပြမှာပဲ ဖြစ်ပါတယ်။ လီယိုနာဒို ဒါဗင်ချီရေးဆွဲခဲ့တဲ့ Mona Lisa ပုံတူပန်းချီကားဟာ ကမ္ဘာတစ်ဝန်းမသိသူမရှိလောက်အောင်ထင်ရှားပြီးတော့ Mona Lisa ရဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့အပြုံးဟာ ရှုပ်ထွေးမှုများစွာရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း Mona Lisa ပန်းချီကားကို အနုကြည့် မှန်ဘီလူးနဲ့ ချဲ့ကြည့်ခဲ့တဲ့အခါမှာ အီတလီသမိုင်းပညာရှင်များဟာ Mona Lisa ရဲ့ မျက်လုံးများအတွင်းမှာ သေးငယ်တဲ့ကိန်းဂဏန်းတွေနဲ့ စကားလုံးတွေ ရေးဆွဲထားတာကို မြင်တွေ့ခဲ့ကြရပါတယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/c6/c6c1b0e6e2b95e9883f4ca220272ffdcb495d89c.jpg
https://s9.kh1.co/__image/w=650,h=650,q=100/2f/2fe0c72c6e6c065c514950cd464ec9ffbdc3f18b.jpg

မိုနာလီဆာပုံပေါ်မှာ ရှင်းလင်းစွာမြင်နေရတဲ့ စာလုံးတွေနဲ့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်သူတွေက ပန်းချီရေးဆွဲသူလီယိုနာဒိုဒါဗင်ချီရဲ့ လျှို့ဝှက်သင်္ကေတတစ်ခုခုကို ကိုယ်စားပြုထားတာဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။ မိုနာလီဆာရဲ့ ယာဘက်မျက် လုံးမှာ LV ဆိုတဲ့ စာသားကို မြင်တွေ့ရပြီးတော့ LV ဆိုတာဟာ Leonado Da Vinci ကိုပြောခြင်းဖြစ်ပြီး ဝဲဘက်မျက်လုံးမှာမြင်ရသည့် စကားလုံးတွေကိုတော့ အဓိပ္ပာယ်မဖော်နိုင်သေးပါဘူး။ ယင်းစာလုံးတွေကို CE သို့မဟုတ် B လို့မြင်ရပြီးတော့ အဲ့ဒီစကားလုံးကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖော်နိုင်ဖို့ အခက်အခဲတွေ့နေပါတယ်။

https://s9.kh1.co/__image/w=600,h=446,q=100/f3/f37246a3bdeb05c78cbcce4fed9e780b3abc0ea4.jpg
https://s9.kh1.co/__image/w=600,h=436,q=100/c7/c7e671442f48f934db9f51319f9d61eca1a595d8.jpg

ပုံရဲ့နောက်ပိုင်းမှာ စတုတ္ထမြောက် ကိန်းပျက်နေတဲ့ 149 ကိုမြင်ရပြီး ယင်းကိန်းဂဏန်းဟာ လီယိုနာဒို ဒါဗင်ချီ မီလန်မြို့တွင်ရှိနေခိုက် မိုနာလီဆာ ပုံကိုရေးဆွဲခဲ့တဲ့ ၁၄၉၀ ပြည့်နှစ်များကို ဖော်ညွှန်းခြင်း ဖြစ်နိုင်ကြောင်းယူဆခဲ့ကြပါတယ်။ ယခုအခါ မိုနာလီဆာပန်းချီကားဟာ သက်တမ်း နှစ် ၅၀၀ ကျော်ခဲ့ပြီဖြစ်ကာ ပုံမှာရေးထားခဲ့တဲ့ စာလုံးတွေနဲ့ ကိန်း ဂဏန်းတွေဟာ မူလရေးခဲ့တုန်းကလိုမျိုး ရှင်းလင်းပြတ်သားမှု မရှိတော့ပါဘူး။ အဲ့အပြင် Mona Lisaပန်းချီးကားထဲမှာ လျှို့ဝှက်ထားတာတွေ အများကြီးရှိတယ်ဆိုတာလည်း ပညာရှင်တွေက ပြောပြထားပါတယ်။

https://s9.kh1.co/__image/w=600,h=902,q=100/87/879b9ec814b1c366b15e999091356dbf5a318cc4.jpg
https://s9.kh1.co/__image/w=636,h=763,q=100/52/52b5c6d8d3267458d1428fbdc925763ead1b5b30.jpg

သတင်း အရင်းအမြစ်CBS

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T